သူဖျားနေခဲ့သည်။
တကိုယ်လုံးလဲလှုပ်မရအောင် နာကျင်ကိုက်ခဲ
နေပေမယ့် နဖူးပေါ်ကအေးစက်စက်အထိအတွေ့ ကြောင့်
လေးလံနေသောမျက်လုံးတွေကို အားယူကာဖွင့်မိတော့ လူကြီးက သူနဖူးပေါ် ရေပတ်တိုက်နေသည် ကို တွေ့လိုက်ရသည်။အိပ်ယာပေါ်ကမထနိုင်တဲ့သူကို လူကြီးကပြုစုပေးခဲ့သည်။ထံုးစံအတိုင်းသူအပေါ်ကြမ်းတမ်းစွာဆက်ဆံခဲ့သည့်ကသူမဟုတ်သလို။
ထိုကြင်နာ၊ယုယမှုေတွကို လိုချင်ပေမယ့်
ထိုဂရုစိုက်မှုတွေက ထိတ်လန့်နာကျင်မူတွေ
ခံစားပြိးမှသာ။လက်ကောက်ဝတ်နှစ်ဖက်က ကြိုးအရာများ
ထင်ကာ သွေးဆို့ပြီး
နီရဲသောဒဏ်ရာများကိုဆေးလိမ်းပေးရင်း ခပ်ဖွဖွနမ်းလာသည့်လူကြီးကသူကိုစိတ်မကောင်းဟန်ဖြင့်ကြည့်လာရင်း အဖျားအရှိန်ခကြောင့်ရဲနေသောနှုတ်ခမ်းဖူးဖူးကိုတချက်နမ်းလာသည်။''ကိုယ်မင်းကိုတွေ့ရင်ထိန်းချုပ်နိုင်စွမ်းတွေပျောက်ကုန်တယ် တောင်းပန်ပါတယ် ကလေးရယ်
ကိုယ်မင်းကိုအရမ်းချစ်လို့ပါ''သူပါးပြင်ပေါ်ကလူကြီးလက်ကိုသူပြန်ကိုင်လိုက်ရင်း ခပ်ဖျော့ဖျောေလးပြုံးပြမိသည်။
"တောင်းပန်ပါတယ် ကလေးရယ်!!"
"ရေ ပေးပါ ရေသောက်ချင်တယ် လူကြီး!!"
ရေခွက်ထဲ ရေငှဲ့ကာ မဖိတ်မစင်အောင် တိုက်လာခဲ့တဲ့လူကြီးက အဖျားအရှိန်ကြောင့် ရဲဆွေ့နေတဲ့ သူပါးပြင်ကို တရွှတိရွှတ်နမ်းနေပြန်တာမို့။
"အဖျားတွေ ကူးကုန်တော့မယ် လူကြီးရယ်"
သူစကားကိုမကြားမိခဲ့သလိုမျိုး သတ်မှတ်နေပုံရတဲ့
လူကြီးကသူလည်ပင်းနား မျက်နှာအပ်ထားနေပြန်သည်က မိနစ်အတော်ကြာသည်အထိ။"လူကြီး "
"အွန်းး"
"ဒီလိုမျိုးကြီးပံုစံနဲ့ အကြာကြီးနေနေမလိုလား!!"
"ကလေးရယ် ကိုယ်သင်းရနံ့နဲ့ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ ရောသွားတာကို သဘောကျလို!!"
နှာဖျားတွေဖြင့် လည်ပင်းတလျှောက်ကို ပွတ်သပ်နေပြန်တဲ့လူကြီးကြောင့် သူမှာ မနေတက်မထိုင်တက်ဖြစ်လာရသလို သူကိုယ်ပေါ် ကိုယ်တခြမ်းဖိထားသလို ရှိနေတာကြောင့်လည်း လေးနေသလိုခံစားနေရသည်။
YOU ARE READING
N o E x i t☑️Completed
Mystery / Thrillerထွက်ပြေးကြည့်စမ်းပါ.... ကိုယ့်အချစ်လှောင်ချိုင့်ထဲကလွှတ်မြောက်နိုင်မယ်ထင်ရင်။