Part-14(uni)

21.9K 1.2K 54
                                    

စံအိမ်၏ ထမင်းစားဝိုင်းတွင် ဦးယောမင်းဦးနှင့် ဒေါ်မာလာမြင့်ကတစ်ဖက်၊ယောစေရာနှင့် ခွန်းသသူကတစ်ဖက် ထိုင်နေလေ၏။မည်သူကမျှစကားစမပြောသောကြောင့် ပတ်ဝန်းကျင်က အေးစက်စက်မှိုင်းတိုင်းတိုင်းဖြစ်နေလေ၏။

ဒေါ်မာလာမြင့်ကပဲ စပြီးစကားပြောလိုက်သည်။

"သား အတည်ပြောတာလား"

"ဟုတ်"

ဒေါ်မာလာမြင့်က ခွန်းသဘက်ကိုလှည့်ပြီးမေးလိုက်သည်။

"သမီးနာမည်က"

ထိုအခါ အသံကြည်ကြည်လေးထွက်လာသည်။

"ခင်နန်းထည်ပါ အန်တီ"

အပြုံးချိုချိုလေးတွေရယ် ကြည်လင်ဝင်းတောက်ပြီးဖြူစင်ပုံရတဲ့ မျက်လုံးဝိုင်းဝိုင်းလှလှ၊ မျက်တောင်ရှည်ကြီးတွေနဲ့ အေးချမ်းလှတဲ့အသံလေးကြောင့် ဒေါ်မာလာမြင့် အတော့်ကိုသဘောကျသွားရသည်။

"မေမေလို့ပဲ ခေါ်ပါ"

"ဗျာ!"

"ဟင်"²

ခွန်းသ၏ ဗျာလို့ ထူးမှုကြောင့် ဦးယောမင်းဦးနဲ့ဒေါ်မာလာတို့ နှစ်ယောက်လုံး အံ့သြသလိုကြည့်လာကြသည်။စေရာကတော့ တည်တည်ငြိမ်ငြိမ်ပင်။

"ကျွန်တော်က မိန်းကလေးဆိုပေမယ့် ကျွန်တော်လို့၊ဗျာလို့ ပဲသုံးတတ်လို့ အဆင်ပြေပါ့မလားမသိပါဘူးခင်ဗျာ"

ရှက်ဝဲဝဲလေသံလေးနှင့် မျက်လုံးလေးဝင့်ကာ တောင်းဆိုလာသော ကလေးကြောင့် ဦးယောမင်းဦးတော့ ဘယ်လိုနေမည်မသိ ဒေါ်မာလာကတော့ အသဲယားလွန်း၍ဖြစ်ညှစ်ပစ်ချင်လာလေပြီ။တော်လိုက်တဲ့ငါ့သား ဒီလိုချစ်စရာမိန်းကလေးကို ဘယ်ကများရှာလာပါလိမ့်။

"ပြေပါ့ရှင်။သမီးလေးက မေမေလို့ပဲခေါ်ပါ"

"ဟုတ်"

ခွန်းသက ဟုတ်ဟုပြောလိုက်သော်လည်း နောက်ဆက်တွဲကို မျှော်လင့်နေပုံရသော ဒေါ်မာလာ့ကြောင့် အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။

"မေ..မေ"

ထိုအခါမှပင် ဒေါ်မာလာမြင့် ဘဝင်ကျသွားရတော့သည်။သူမသားကို လှည့်ကြည့်မိတော့ အေးအေးဆေးဆေးပင်။သူ့အစားသာစားနေသည်။သို့သော်လဲ ဒေါ်မာလာမြင့်စိတ်ထဲမှာ ဘဝင်မကျနိုင်။

You mean so much to me(complete) Where stories live. Discover now