Part-15(uni)

21.9K 1.2K 10
                                    

အိမ်ရှေ့ရှိ ကားသံကြား၍ ဒေါ်ရတနာသူ ထွက်ကြည့်မိတော့ မရင်းနှီးတဲ့ကားတစ်စီးက ခြံထဲသို့ဝင်လာသည်။ကားထဲမှ သားနဲ့ကောင်လေးတစ်ယောက်ထွက်လာသည်။
သားနဲ့အတူထွက်လာသည့် ကောင်လေးပုံစံကတော့ အရှိန်အဝါအပြည့် မဟုတ်မှ

"မေမေ!"

ခွန်းသ ဒေါ်ရတနာသူကိုအဝေးမှ လှမ်းခေါ်ရင်းပြေးဖက်လိုက်သည်။စေရာကတော့ နောက်ကနေ ပုံမှန်ခြေလှမ်းအတိုင်းသာ လိုက်လာသည်။

"ကဲ... ပြောပါရှင်"

"ဟီးဟီး ချစ်လို့"

ဒေါ်ရတနာသူပြုံးမိပြန်သည်။သူမသားက တစ်ခါပြုံးရင် သူမရင်ထဲ ပန်းတွေတစ်ခါပွင့်သလို ဆူးတစ်ချောင်းက တစ်ပြိုင်နက်ထိုးသည်။
အမြဲတမ်းပြုံးနေ၊ပျော်နေပြီး ဘာမှနာကျင်ခံစားစရာမရှိဘဲ ပျော်ရွှင်နေတဲ့ lifestyle ကို ကြိုးစားလုပ်ယူထားသော်လည်း တစ်ချက်တစ်ချက် ဘယ်သူမျှမသိလိုက်ခင် ဆွေးဆွေးမြေ့မြေ့ကြေကွဲပြီး၊တစ်ယောက်တည်းရှိချိန် ငေးငေးငိုင်ငိုင်ဖြစ်နေတဲ့ ကောင်လေးကို သူမသိပါသည်။ဘယ်သူကမှမရိပ်မိအောင် သိပ်ဟန်ဆောင်ကောင်းတဲ့ကောင်လေး။သူမဘက်က ဘယ်လောက်ပင်စကားစသော်လည်း မပြောပြချင်ဟန် လမ်းလွှဲသွားတဲ့ သားကြောင့် အတင်းမမေးဖြစ်တော့။ဒီအတိုင်း လက်ရှိအချိန်မှာ သားကိုကာကွယ်နိုင်ဖို့က အရေးကြီးတယ်မလား။

ခွန်းသသူကို ဒီလိုပုံစံမျိုး စေရာတွေးမထားခဲ့။ကျောင်းမှာတော့ ခပ်ဆိုးဆိုးဒီဇိုင်းနဲ့ ကျောင်းလူမိုက်လုပ်နေပြီး၊အိမ်မှာကျတော့ သူမဟုတ်တဲ့အတိုင်းပင်။စေရာ့ရှေ့တွင်တော့ တစ်ကယ့်ဂျစ်ကန်ကန်လူပုစိတ်တို လူ့ဂွစာပင်။

ဒေါ်ရတနာသူကတော့ သူမ၏၏သားနောက်မှာရပ်နေတဲ့ကောင်လေးကိုပဲ မမှိတ်မသုန်စိုက်ကြည့်နေသည်။

"သား..အနောက်က"

"အော်...ယောစေရာပါ"

စေရာ ဒေါ်ရတနာသူ့ကိုသေသေချာချာ မျက်လုံးချင်းဆုံကြည့်မိသည်။
ချွတ်စွတ်ပင်။မျက်လုံးဝိုင်းဝိုင်းစက်စက်နဲ့ မျက်တောင်ကော့ကော့တွေက တစ်ထေရာတည်း။နှုတ်ခမ်းဖူးဖူးတွေကောပေါ့။
ခွန်းသသူက ကျောင်းမှာဆိုရင် အမြဲလိုလိုရှေ့မှာဘုတ်သိုက်ချထားတဲ့ဆံပင်တွေနဲ့ ခပ်မိုက်မိုက်ပုံစံပြင်ပုံဆင်ပုံတွေကြောင့် မသိသာပေမယ့် အခုလိုဆံပင်လှန်ထားပြီး​ မိန်းကလေးပုံစံနဲ့ဆို တစ်ကယ်ပုံတူလိုမျက်ဝန်းများပင်။

You mean so much to me(complete) Wo Geschichten leben. Entdecke jetzt