Part-47(uni)

16.2K 952 22
                                    

ယောစံအိမ်တော်ကြီးသည် ညခင်းအချိန်အခါတွင် စံအိမ်ရှိချိတ်ဆွဲထားသည့် မီးရောင်တို့ဖြင့် ခမ်းနားလှသည်။ညအတော်နက်နေပြီဖြစ်သော်လည်း စံအိမ်သခင်ဦးယောမင်းဦးနှင့် သူ၏အတွင်းရေးမှူးဦးမင်းယာတို့မှာ အလုပ်ကိစ္စမပြီးပြတ်မှုများကြောင့် အခုထိမအားလပ်သေး။ဒေါ်မာလာမြင့်ကတော့ ဇနီးဝေတ္တရားကျေပွန်စွာပဲ ဦးယောမင်းဦးတို့အလုပ်ဆွေးနွှေးရာ ဧည့်ခန်းရှိမနီးမဝေးထိုင်ခုံပေါ်တွင် စာအုပ်ဖတ်လျှက် ခင်ပွန်းသည်ကိုစောင့်လျှက်ရှိသည်။

ထိုစဥ် ယောစွဲ့ညှို့အိမ်အပေါ်ထပ်မှဆင်း၍ စံအိမ်အပြင်ဘက်ထွက်သွားသည့်ကို ဒေါ်မာလာမြင့် မြင်သော်လည်း ပန်းခြံထဲသို့လမ်းဆင်းလျှောက်သည်ဟုသာထင်၍ အမှုမဲ့အမှတ်မဲ့။

သို့သော်.........

"ကိုကြီး နေလို့မှကောင်းရဲ့လား"

ဦးယောမင်းဦး၏လက်ထဲမှ စာရွက်စာတမ်းတို့ သတိလက်လွှတ်လျောကျသွားရသည်။မျက်လုံးတို့ကလည်း အသံလာရာဆီသို့ ရောက်လျှက်သား။နှစ်ပေါင်းများစွာကြာ မကြားခဲ့ရသည့်အသံ။သို့သော် အမြဲတမ်းမှတ်မိနေသည့်အသံ။

"ညီညီ...."

ညီညီမှညီညီပါ။18နှစ်သားလေးမှစ၍ မတွေ့ခဲ့ရသည့်ကောင်လေးဟာ အခုဆို ငယ်ရုပ်ပျောက်မသွားပေမယ့် တည်ငြိမ်ရင့်ကျက်မှုတို့အစားထိုးဝင်ရောက်လာသည်။ယောစံအိမ်ကို နှစ်ပေါင်းများစွာ ကျောခိုင်းထားခဲ့သည့်ကောင်လေး။အရင်ကဆို အားကိုးသည့်အရိပ်အယောင်များပြည့်နှက်နေသည့် ကိုကြီးဟူသောခေါ်သံသည် ယခုများတော့ အေးစက်စက်နိုင်လှသည်။

ဦးယောနွယ်ရိုး ဦးယောမင်းဦးနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်လိုက်၍ အခုထိသူ့ကို ခပ်ငေးငေးလေးကြည့်နေသော ဒေါ်မာလာမြင့်ကို မေးလိုက်သည်။

"မာလာ...နေကောင်းတယ်မလား"

ထိုစကားသံကြားတော့ ဦးယောမင်းဦးမျက်နှာတွင် ခပ်အက်အက်အပြုံးတို့ပေါ်လာသည်။ဒီအကို့အပေါ်မှာတော့ စိမ်းကားသွားပေမယ့် သူချစ်တဲ့အမျိုးသမီးလေးအပေါ်မှာတော့ အရင်လို ချစ်ခင်နှစ်လိုဖွယ် နူးညံ့နွေးထွေးနေဆဲအသံလေးပင်ဖြစ်သည်။

You mean so much to me(complete) Where stories live. Discover now