Part-4(uni)

32.7K 1.7K 16
                                    

"အကိုလေးကောင်းကောင်းအိပ်မပျော်ဘူးလား"

အသက်20ကျော်အရွယ်ကောင်လေးတစ်ယောက် ပြတင်းပေါက်ကိုကြည့်ရင်း ကော်ဖီသောက်နေသည်။ချောမောပြီးနူးညံ့သယောင်ရှိတဲ့ မျက်နှာနုနုနဲ့ ဂုတ်ထောက်လောက်ရှိတဲ့ ဆံပင်ကို အပေါ်သို့စုကာ စည်းထားသဖြင့် ဂုတ်သားဖွေးဖွေးလေးက ပေါ်လို့နေသည်။အင်္ကျီလက်ရှည်အဖြူရောင်လေးနှင့် ရှားညိုရောင်စတိုင်ပန့်မှာ ထိုသူကိုပို၍နူးညံ့သယောင်ရှိစေ၏။ဘယ်သူထင်မိမှာလဲ ထိုသူက မာဖီးယားဂိုဏ်းတစ်ခုရဲ့ လက်ထောက်ခေါင်းဆောင်ဆိုတာ။

ပြီးတော့...လည်ပင်းမှာ ဆွဲကြိုးလေးတစ်ခုက အဆင်အမြဲဆွဲထားလျှက်။သိပ်ကိုလှတဲ့....ဆွဲကြိုးလေး။

"အင်း... ဒီလိုပါပဲ"

"သခင်ကြီးက အောက်ဆင်းပြီး ထမင်းစားဖို့ခေါ်ခိုင်းလိုက်တာပါ"

အိမ်တော်ထိန်းပြောတဲ့ သခင်ကြီးဆိုသူကား ယောစံအိမ်နှင့် ဆက်စပ်မှုရှိလေ၏။အဘယ်ကြောင့်ဆိုသော် လက်ရှိယောစံအိမ်၏ အရှင်သခင်ဖြစ်သူ ဦးယောမင်းဦးရဲ့ တစ်ဦးတည်းသောညီဖြစ်သူ ဦးယောနွယ်ရိုးပင်တည်း။
ယောစံအိမ်နှင့် ပက်သက်မှုကား ဖြတ်တောက်ထားလေ၏။
ထိုခေတ် ထိုအခါက ညီအကိုနှစ်ယောက် စံအိမ်၏အရှင်သခင်ဖြစ်ဖို့အတွက် အကြိတ်အနှယ် ယှဥ်ပြိုင်ခဲ့ရာ အပြတ်အသတ်ရှုံးသွားသူကတော့....ယောနွယ်ရိုး။

ပြောရရင် ယောစံအိမ်ကို နာကျည်းနေသူ။တစ်ကယ်တော့ ယောနွယ်ရိုးဟာ ယောမင်းဦးရဲ့ ညီအရင်းမဟုတ် မွေးစားသားတစ်ယောက်သာ။

"ကောင်းပြီ။ဆင်းလာခဲ့မယ်"

လှေကားထစ် တစ်ထစ်ချင်းစီတိုင်းဖြတ်ကျော်လာတဲ့ ဖိနပ်သံက စီးချက်မှန်စွာထွက်ပေါ်လျှက်။ကျွန်းညိုရောင် စားပွဲကြီး၏ ထိပ်ဆုံး၌ထိုင်နေသူက...ဦးယောနွယ်ရိုး။တစ်နည်းပြောရရင် ဂိုဏ်းရဲ့ ခေါင်းဆောင်။

"ရောက်ပါပြီ မွေးစားအဖေ"

"ထိုင်"

ဦးယောနွယ်ရိုး ရဲ့ ဘေးတစ်ဖက်တစ်ချက်တွင် ဦးယောနွယ်ရိုး ရဲ့ သမီးအရင်း မယ်မဒီနဲ့ ဦးယောနွယ်ရိုး ရဲ့ မွေးစားသား ယောစွဲ့ညှို့တို့ထိုင်နေသည်။

You mean so much to me(complete) Tahanan ng mga kuwento. Tumuklas ngayon