Part-39(uni)

17.4K 1K 138
                                    

မနက်ခင်းရောက်တော့ သူငယ်ချင်းသုံးယောက် ချက်ရမှာလဲပျင်း၊အပြင်ထွက်စားရမှာလဲပျင်းသောကြောင့် ပေါင်မု့န်ကို ယိုသုတ်ပြီးသားစားကြတော့သည်။သူငယ်ချင်းသုံးယောက်ဟုဆိုသော်လည်း ဟိုနှစ်ကောင်ဟာ ရည်းစားတွေဖြစ်ကုန်ကြလေပြီ။သို့သော်ငြား ထွေထွေထူးထူးမပြောင်းလဲကြ။
အဘယ်ကြောင့်ဆို ဟိုးငယ်ငယ်ပုစိညှောက်တောက်ကတည်းက မြတ်မင်းထည်ဆိုတဲ့ကောင် နေသူ့ကိုဂရုစိုက်လာတာမို့ နေသူ့အတွက်ဂရုတစိုက်ပြင်ဆင်ပေးတာတွေက မထူးဆန်းတော့။နှစ်ယောက်သားအကြည်စိုက်နေတာတော့ အခွက်ကိုဖြတ်ရိုက်ချင်စရာကောင်းသည်။

ခွန်းသပေါင်မုန့်စားရင်း ပြောလိုက်သည်။

"မင်းတို့ချစ်သူဖြစ်သွားတာကို ပိုးသားကိုအသိပေးမှာမလား"

မင်းထည်က နေသူ့ကိုမေးထောက်ကြည့်နေရင်းမှ

"ပိုးသားက ငါချစ်နေတာ သိပြီးသား"

"ဟင်!"²

နေသူကော၊ခွန်းသကော အံ့သြသွားသည်။

"သူက ကစားကွင်းမှာကတည်းက သိသွားပြီး၊ ကြုံလာရမယ့်အခက်အခဲတွေကို သြဝါဒခြွေနေသေးတာ"

မင်းထည် နေသူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး နေသူ့မျက်ဝန်းများကို ချစ်ရည်ရွှမ်းသည့်အကြည့်များဖြင့်ကြည့်ကာ

"ဒါပေမယ့် မမှုပါဘူး။ရှိုင်းငါ့ဘေးမှာရှိသရွေ့ ငါအကုန်ရင်ဆိုင်ရဲတယ်။ဖေဖေတို့၊မေမေတို့ကိုလဲ ရင်ဆိုင်ရဲတယ်"

နေသူက နားမလည်သလိုလေးတစ်ချက်ကြည့်ပြီး

"ဘာတွေပြောနေတာလဲ။မင်း ရင်ဆိုင်စရာမှမလိုတာ"

"ဟင်..မဟုတ်ဘူးလေးရှိုင်းရဲ့။ကိုယ်တို့လက်ထပ်မယ်ဆိုရင် မိဘတွေကိုအသိပေးပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်.."

နေသူက မင်းထည်စကားမပြီးခင် ဖြတ်ပြောလိုက်သည်။

"ဟိုးထား...ဟိုးထား..ဆရာ"

"ဘာလို့လဲ.."

နေသူ ရှေ့မှာရှိတဲ့ လိ​မ္မော်ရည်ခွက်ကို မော့သောက်လိုက်ပြီး အေးအေးဆေးဆေးပြောလာသည်။

You mean so much to me(complete) Where stories live. Discover now