Part-41(uni)

18.4K 1K 91
                                    

ယောစေရာနှင့်ခွန်းသတို့အတူနေသည့်အိမ်အပြင်ဘက် ပြောင်လက်နေသော ကားအနက်ရောင်ရှေ့တွင် ကောင်လေးနှစ်ယောက်အထုတ်အပိုးတွေနှင့်ရပ်နေကြသည်။

"ဇေယျမိုးဆွေက တော်တော်နေမကောင်းဖြစ်နေတာလားဟင်"

အမြဲတမ်း ကော်နဲ့ကပ်သလို နောက်ပါးမှာအမြဲရှိတတ်သည့်သူက အခုတော့ပေါ်မလာ။
ထိုကလေးမျက်နှာကြည့်တော့လည်း စိတ်ပူဟန်မပေါ်။မျက်နှာသေသာဖြစ်သည်။

"အင်း..သူတော်တော် နေမကောင်းနေတာ"
အိပ်ယာပေါ်က မထနိုင်လောက်ဘူး။

"ငါတို့နှစ်ယောက်ပဲ သွားရတော့မှာပေါ့"

"အင်း"

ခွန်းသကားပေါ်တက်ဖို့ပြင်လိုက်တော့ ယောစေရာက

"ခဏ"ဆို၍ တားလာသည်။

"အမ်...ဘာဖြစ်လို့တုန်း"

"ခင်ဗျားအင်္ကျီလဲလိုက်အုံး"

ခွန်းသ ကိုယ့်အင်္ကျီကို ကိုယ်ငုံ့ကြည့်လိုက်သည်။
ဘာမှမထူးဆန်းသလို၊ပေနေတာလဲ မရှိ။

"ဘာလို့တုန်း"

စေရာ အိတ်ထဲက အင်္ကျီကိုထုတ်လိုက်ပြီး

"ရော့..ဒါဝတ်။ခရီးလမ်းက ကြမ်းသလို၊ရာသီဥတုအခြေအနေကလည်း အေးတယ်လေ"

ခွန်းသ စေရာ့ကိုတစ်လှည့် လက်မှာကိုင်ထားတဲ့အင်္ကျီကိုတစ်လှည့်ကြည့်နေသည်။စက်ရုပ်ကြီးက သူ့ထဲထည့်ထားတဲ့ ပရိုဂရမ်အတိုင်းပြောနေတဲ့ပုံစံဖြင့် တောင့်တောင့်ကြီးပြောနေသည်။တစ်ကယ်လည်း စက်ရုပ်ကြီးလားမသိ။
ခွန်းသ တွေးရင်းတွေးရင်း အတွေးလွန်ရင်းဖြင့်ပင် စေရာ့ကို အချိန်အကြာကြီး ကြည့်နေမိသည်။
ယောစေရာကတော့ ဘာမှမပြောသလို မလှုပ်မယှက်မျက်လွှာချထားသည်။လက်မှာလည်း အင်္ကျီကိုကိုင်ထားလျှက်...

"ယောစေရာ"

"အင်း.."

"အင်းကလွဲပြီး ဘာပြောတတ်သေးလဲ"

"...."

"ထားပါ။ပေး..ပေး..အင်္ကျီဝတ်မယ်"

ခွန်းသ အင်္ကျီယူလိုက်ပြီး ကားထဲဝင်လိုက်ကာ ကားထဲမှ ခေါင်းထွက်ရင်း စေရာ့ကိုလှမ်းပြောလိုက်သည်။

You mean so much to me(complete) Where stories live. Discover now