Part-22(uni)

19.9K 1.2K 48
                                    

"အင်း.."

ညသန်းခေါင်ယံတွင်တော့ ဒဏ်ရာရှိန်ကြောင့်ရော၊သောက်ထားသည့် အရှိန်ကြောင့်ပါ ခွန်းသဖျားလေသည်။
ယောစေရာတစ်ယောက် နံဘေးမှ ​ငြီးသံကြားသောကြောင့် ဖျက်ခနဲနိုးလာသည်။
ချွေးသီးချွေးစတွေစို့လျှက် တစ်အီအီနှင့် ငြီးနေသောလူကို သနားစဖွယ်တွေ့လိုက်ရသည်။အတော်နေမကောင်းဖြစ်နေသည်မို့ထင် ပါးကလေးတွေသာမက နှာခေါင်းထိပ်ကလေးများပါ နီရဲနေလေသည်။ငြီးတွားနေသော်လည်း အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် အသိကပ်နေပုံမပေါ်။စေရာ ခွန်းသ၏နဖူးကိုစမ်းလိုက်တော့ ခြစ်ခြစ်တောက်ပူနေသည်။

"ခွန်းသသူ...ခဏထအုံး"

မျက်ခုံးများသာကျုံ့လာပြီး ဘာအသံမှပြုမလာ။

"ခွန်းသသူ....ဆရာဝန်ခေါ်လိုက်မယ်နော်"

မျက်ခုံးက ပိုမိုကျုံ့လာပြီး မပီမသသံဖြင့်ပြောလာသည်။

"ဟင့်အင်း...."

"မခေါ်လို့မရဘူးလေ။ခင်ဗျား ကိုယ်တွေတအားပူနေတယ်"

"ဟင့်အင်း..."

"ဟော..အဲ့လိုလုပ်လို့မရဘူးလေဗျာ"

စေရာအိပ်ယာပေါ်မှ ထထိုင်လိုက်ပြီး ခွန်းသကိုသေချာကြည့်လိုက်သည်။နီရဲရဲနှုတ်ခမ်းလေးက ဟစိဟစိနှင့် တစ်ကယ်ချစ်စရာ။အခုအချိန် ပေါက်ကရတွေးနေသောအတွေးတို့ကို ခေါင်းထဲမှထုတ်လိုက်သည်။

"ခွန်းသသူ...."

"ဟင်း.."

"ခွန်းသသူ..."

"ဘာတုန်း!နေမကောင်းရတဲ့ကြားတဲ့ ဘာလို့အမေးအမြန်းထူနေရတာတုန်းဟ"

စေရာ အံ့သြထိတ်လန့်မိသွားသည်။မွေးကတည်းက အခုချိန်ထိ ဘယ်သူမှသူ့ကို ဤလိုမပြောဖူး။အခုလောက်ကြီးထိလဲ စေရာ့ဘက်မှ ဒုက္ခခံပြီးလုပ်မပေးဖူးပေ။
သူအခု စေတနာအစော်ကားခံလိုက်ရတာလား။
သူ့ကိုဆေးလည်းထည့်ပေးရသေး၊သူသောက်ချင်လို့ဆိုပြီး ဘားလဲအဖော်လိုက်ပေးရသေး၊မူးမူးရူးရူးနဲ့ပြန်လာတော့လည်း တွဲခေါ်ရသေး၊အန်တာလည်း ကူညီရသေး၊အခုလည်း ညသန်းခေါင်ကြီးထရသေး...ဒါကို သူကငေါက်သေးတာပေါ့။
အစကနေအဆုံးထိ သူ့ဘက်က ခံရတာပါနော်။
သေသေရှင်ရှင် ဖြစ်ချင်သလိုဖြစ် ပစ်ထားလိုက်လို့ကတော့

You mean so much to me(complete) Where stories live. Discover now