Uni_ အပိုင္း၁၀

7.1K 385 0
                                    

"ဗျာ"

"ရိပ် ရိပ်က ရူးနေတယ် ဟုတ်လား "

"မဖြစ်နိုင်တာ ရိပ် က ဘာလို့ ရူးရ မှာ လည်း ၊ ဟာ ဘာတွေ ဖြစ်ကုန်တာလည်း ကွာ"

ဟေသာ တစ်ယောက် မယုံ နိုင်ခြင်း များ စွာ ဖြင့် အံ့သြနေခဲ့ မိလေသည်။

ဟေသာ ရွာထိပ်က ဆိုင်ရှိ အစ်မလမ်းညွှန်မှု အတိုင်း ဟေသာ ရိပ် ၏ နေအိမ်သို့ တည့် မှတ် စွာ ရောက်လာခဲ့လေသည်။ ဟေသာ မြင်လိုက်ရသည့် မြင်ကွင်း လေး ကြောင့် များ စွာတုန်လှုပ်သွားခဲ့ရလေသည်။ သူမ မြင်လိုက်ရသည်ကား မျက်နှာ တစ်ချမ်း မှာ ဒဏ်ရာကြီး ဖြင့် တမာပင်အောက် ၌ တခစ်ခစ်နှင့် ရယ် ကာ မှုမမှန်သော လူ တစ်ယောက်ပမာ ခက်ရိပ်ျလး နှင့် ဆော့ နေသော ရိပ်ကြောင့် ပင်။

"ဒီမှာ ၊ ဒီမှာ ခများက ဘယ်သူ လည်း မသိဘူး "

ဖိုးထင် သူ၏ ဝိုင်း ရှေ့ ၌ျခြစုံ ရပ်ကာ ခြံ ထဲ ရှိ ရိပ်သို့ သား အဖအား ငေးနေလေသော အသားဖြူဖြူ အရပ်ရှည်ရှည် နှင့် ကောင်လေး ကြောင့် ဖိုးထင်မေးလိုက် ခြင်း ဖြစ်လေသည်။

"သြော် ဟို ကျွန်တော် ရိပ်ညိုနဲ့တွေ့ချင်လို့ပါဗျ"

"ခများက ဘယ်သူ လည်း "

"ကျွန်တော် က ရိပ် ရဲ့သူငယ်ချင်းပါ "

"ဟဲ့သားဖိုးထင် ဝိုင်းရှေ့က ဘယ်သူတုန်းကွဲ့ "

အရီးတင်လှ အိမ်ထဲ မှ နေ၍ အော်ကာ မေးလိုက် ခြင်း ဖြစ်လေသည်။

"ဟို ရိပ်ရဲ့ သူငယ်ချင်းတဲ့ "

"ဟော ဒါဆိုဧည့်သည်ကို အိမ်ထဲ ခေါ်ခဲ့လေကွယ် "

"ဟုတ်ဟုတ်"

ဖိုးထင်လည်း သူ၏ အမေ က အိမ်ထဲ ခေါ်ဖို့ ပြော သည်မို့ ထို ခပ်ချောချော ကောင်လေး အား အိမ်ထဲ သို့ ခေါ်လာ ခဲ့ လိုက်လေသည်။ ဟေသာလည်း ဖိုးထင် ခေါ်ရာ နောက် သို့ လိုက်ပါလာ ခဲ့ လိုက်လေသည်။

"ဟင် ..ဘုန်း နင် က ဘယ်လို ဒီရောက်နေတာ လည်း"

မောင် တစ်ယောက် အရီး နှင့် ထိုင်နေရင်း မှ သူ့အား ရင်းနှီးသလို ခေါ်လာ သော မျက်နှာစိမ်းထို ကောင်လေး ကြောင့် မောင်ပင် အံ့သြသွားခဲ့ရလေသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ