Part.15(Zg)

602 29 0
                                    

☘️မောင့် မျက်နှာ တစ်ကမ္ဘာ☘️

အပိုင်း ၁၅

မောင်နဲ့ ဟေသာ မိုးစေ တို့ စီစဉ် စ ရာ ရှိ သည် များစီစဉ်ရန် မန္တလေးတို့ပြန်လာခဲ့လိုက်ကြလေသည်။

ရိပ်နှင့်သားသား မှာတော့ ရွာ မှာ သာ နေခဲ့ရန် တောင်းဆိုခဲ့သည်မို့ ရိပ်နှင့်သားသား ကိုတော့ မန္တလေးရှိ စံအိမ်ကြီးတို့ မခေါ် ခဲ့ ဖြစ်တော့ ပေ။

ရိပ် မျက်နှာ ရှိ ဒဏ် ရာ များကိုတော့ တိုင်းရင်းဆေးများတစ်ဖုံဟေသာ၏ ယခင်က စေ့စပ်ထားသည်ဟူသော အရေပြားအထူးကုဆရာဝန်ဖြစ်သော ဒေါက်တာသုခ အား ရွာသို့ ခေါ်ကာ ကုသစေခဲ့လေသည်။

ဒေါက်တာ သုခမှာလည်း မိမိ၏ ချစ်သူ ဖြစ်သော ဟေသာမိုးစေ၏ အဖြစ်အပျက်များ အား ကြ သိပြီးသည့် နောက် များစွာရှော့ရသွားခဲ့သည်မှာ အမှန်ပင်။

ယခင်က ပြင်ဦးလွင်တောင်တက်လမ်းက အက်စီးဒန့် မှာ ဟေသာ ကွယ်လွန်သွားခဲ့ သည်ဟု သတင်း ကြား ထားခဲ့ ရသည်မဟုတ်ပါလား။

ယခုလို ရုတ်တရပ် ဟေသာ့ ဘက်မှ ဆက်သွယ်ကာ အဖြစ်အပြတ်အားလုံးရှင်း ပြခဲ့ သည်မို့ ထို မတရား မှု အား ဖော်ထုပ်ရန် နာနာကျင်ကျင်ဖြင့် ချစ်သူအတွက်တရားမျှတမှု ရယာ ရန် တစ်ဖက်တစ်လမ်း မှ ကူ ညီ ပေးခဲ့ လေသည်။

ဟေသာ့ အပေါ် လည်း နားလည်ပေးခဲ့လေသည်။ဟေသာ သည် ယခု အချိန် အမျိုးသားတစ်ယောက်ဖြစ်နေခဲ့ပေမယ့် ဒေါက်တာသုခဘက်က ဟေသာ ဘယ်သို့သော အခြေအနေပုံပန်းသွင်ပြင် ဖြစ်နေပါစေ စေ့စပ်ပွဲ ကိုလည်း မဖြတ် ပေးနိုင်ကြောင်း ဟေသာ့ ယခုသွင် ပြင်အတိုင်း လက်ထပ် မည်ဖြစ်ကြောင်း လည်း ဟေသာ့အား ဝန်ခံ ဖွင့်ဟခဲ့လေသည်။

"မောင်တို့ အဆင်ပြေလောက်မှာ ပါနော် အရီး။ ရိပ်လေ ရိပ်ကြောင့် မောင့်ကို ဒုက္ခ များစေပြီလား မသိပါဘူး အရီး ရယ် ။ ရိပ်ကြောင့် ရိပ်ကြောင့် အရာအားလုံး ဖြစ်လာ ခဲ့ရတာ "

"ရိပ် ကြောင့် ဆိုပြီး တစ်ဖက်ထဲ အပြစ်မြင်လို့ မရဘူးလေ ရိပ်ရဲ့ ..နင့်ဘက်က မှား တာ ဘာရှိလို့လည်း ... ယောကျာ်းနှစ်ယောက် ချစ်ကြိုက်လို့ ယူ ကြ တာ အပြစ်ဖြစ်ရောလား ..ငါတော့ လက်မခံ ပါ ဘူးနော် "

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Onde histórias criam vida. Descubra agora