Uni_အပိုင္း ၁၂

6.9K 334 8
                                    

လွန်ခဲ့သော ၄နှစ်ခန့် က >>>>>>

မောင်တစ်ယောက် ရိပ် နေမကောင်းသည့် နေ့ သည့်(ရိပ်အား မောင့်ဖွားဖွား ကြာပွတ်နှင့်ရိုက်၍ ရိပ်နေမကောင်းဖြစ်သွားသည့်နေ့) ထို နေ့ မှ စ၍ မောင် ရိပ် မနား ၌ တစ်လ သာ နေ ၍ ပြင်ဦး လွင်သ်ို့ ပြန်သွား ခဲ့လေသည်။ အလုပ်ကိစ္စတွေ လည်း မအား သည်မို့ မောင် ရိပ်အား စိတ်မချ သော် လည်း အိမ်မှာ တစ်ယောက် ထဲ ထား ခဲ့ ရလေသည်။

မောင် ခရီး ထွက်သွား ပြီး တစ်ပတ်အလို ၌ မောင်နှင့် အတူ ကောင်မလေး တစ် ယောက် စံအိမ်သို့ ရောက်လာ ခဲ့ လေသည်။ ထို ကောင်မလေး မှ  မောင်တို့နှင့် အသက် အတူ တူ ဖြစ် ပြီး ရိပ်နှင့်မောင် တို့၏ တစ်ဦးတည်း သော အရင်း နီး ဆုံးသော သူ ဟေသာမိုးစက်ဖြစ်လေသည်။ ရိပ်နှင့်မောင်က မြန်မာစာ မေဂျာက ဖြစ် ပြီး မေဂျာ မတူ သည့် ဆေးဘက်က ဟေသာ နှင့် အရင်း နှီး ဆုံး သူ ငယ်ချင်း ဖြစ်ခဲ့ ကြလေသည်။

မောင်နှင့်ရိပ်မှာ မောင့်ဖွားဖွား ၏ ခတ္တာနှင့်စေ့စပ်ပေးမည်ဟူ သော စကား ကြောင့် မောင်နှင့် ရိပ် ကျောင်း မပြီး ခင်မှာ ပင် ခိုး ပြေး ခဲ့ ကြခြင်း ဖြစ်လေသည်။ မောင်က ရိပ်ကို သိပ် ချစ်သည်လေ။ မောင်တို့ ကျောင်း နေကြတုန်း က ဆို လျှင် မောင်က သိပ်ဆိုး လေသည်။ ရိပ်ဆီက အဖြေ ကို ပင်လျှင် မောင် က အကြပ်ကိုင်က တောင်းခဲ့ ချင်း ပင်။ ထို နေ့ က မောင်တစ် ယောက် ရိပ် အား ဖွင့် ပြော သည့် နေ ပင် ။ မောင်က သူ့အား အဖြေ မပေး လျှင် ကျောင်း ဆောင်ပေါ်က ခုန် ချ မည် ဟု ပင် အကျပ်ကိုင်ခဲ့လေသည်။

"ရိပ် ...မောင့်ကို ချစ်တယ်လို့ အဖြေ ပေးမလား မောင် ခုန် ချရမလား "

ထိုနေ့ က မောင့် လုပ်ရပ်ကြောင့် ရိပ်မှာ ရှက်သွေးလေးတွေ ကြွယ်ခဲ့ ရသေးသည်။ မေဂျာ တစ်ခု လုံးသာ မက အခြား မေဂျာ များ က ပါ စုရုံးစုရုံး နှင့် မောင်ခုန်ချမည့် ကျောင်း ဆောင်ရှေ့ မောင့် အား တား ရန် ရောက်လာ ခဲ့ ကြလေသည်။

"ရိပ် မောင့် ကို အဖြေ ပေး မလား မောင် ခုန်ချရမလား "

မောင်တစ်ယောက် ကျောင်း ၏ အထိပ်ဆုံး ဝရံတာ ပေါ်၌ အော်ကာ ပြော နေချင်း ပင်။ ရိပ်မှာ တော့ မောင်သာ အတည် ခုန်ချ လိုက် ရင်ဆိုသည့် အတွေး နှင့် ခြေဖျား လက်ဖျား လေး များပင်အေးစက်နေ ခဲ့ သေးသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Dove le storie prendono vita. Scoprilo ora