Part.7(Zg)

514 35 0
                                    

☘️မောင့် မျက်နှာ တစ် ကမ္ဘာ☘️

အပိုင်း ၇

ခတ္တာ တစ်ယောက် မျက်နာပြောင်တိုက်စွာ ဖြင့် သာ မောင်တို့ထမင်းဝိုင်း၌ အခန့် သား ထိုင်ကာ မနက်စာ အား စားနေခဲ့လေသည်။

"မောင်...ခတ္တာကိုလည်း ..အရိုးနွန်ပေးပါလား "

မောင် ရိပ်အားထမင်းလေးခွန့်နေရင်း မှ သူ့ အား မောင်ဟုခေါ်ကာ ပြောလာသည့် သူမကြောင့် မောင်မျက်မှောင်ကုတ်မိခဲ့လေသည်။

"မင်းမှာလက်မပါဘူးလား အမိ၊ နောက်ပြီး ကျွန်တော့ကို မောင်လို့ ခေါ်စရာမလိုဘူး မောင်ဆိုတာ ရိပ်တစ်ယောက်ထဲ အတွက် ခေါ်ဖို့ပဲ၊"

"ကျွန်တော့နာမည် ဘုန်းဆက်မင်းမောင် ၊ အိုခေလား "

မောင် သူ့ရှေ့မှ အမျိုးသမီးအား ဂရုမစိုက်တော့ ပါပဲ  ရိပ်ကိုသာ ထမင်းဆက်ခွန့်နေခဲ့လိုက်လေသည်။ ရိပ်မှာ တော့ မခတ္တာ အား အား နာမိတာ အမှန်ပင်။

တောက်၊ ရိပ်ညို နင့်ကြောင့် မောင်ခုလို ငါ့ကိုဆက်ဆံတာနင့်ကြောင့်။ နင်မြန်မြန်သေမှ အေးမှာ။ မောင်ကငါ့အပိုင်ဆိုတာ တစ်နေ့နင်သိစေရမယ်ရိပ်ညို။

ခတ္တာစိတ်ထဲ၌ သာ ရေရွတ်ရင်း လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထမင်းစားခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။

"မောင်ရယ် ..အားနာစရာကြီး"

"ဘာမှ အားနာစရာမလိုဘူးရိပ် ၊ ပြီးတော့ မောင် ရိပ်ကို မေးစရာ ရှိသေးတယ်၊

"ရိပ်ကို ဘာမေးမလို့လည်းမောင် မေးလေ မောင် ရဲ့ "

"ရိပ်ကို မောင် စိတ်မချ ဘူး ရိပ် ၊ မောင်မရှိတဲ့ ဒီရက်တွေ အတွင်း ရိပ်အဆင်မှ ပြေရဲ့ လား၊ ရိပ်နေမကောင်းဘူး ဆိုတာ သိတုန်း က မောင် ဘယ်လောက် စိတ်ပူခဲ့ ရလည်း သိလား ၊ ပြီးတော့ မောင့်ဘာလို့ အထိမခံ တာလည်း ရိပ် နေမကောင်းတုန်းက မောင် အဝတ်ဆိုနဲ့ရေသပတ်သုပ်ပေးမည်အပြု ရိပ် ယောင်ရမ်းကာ မောင့်လက်တွေကို ဖယ်ထုပ်နေခဲ့သည်မို့ မောင့်မှာ အံ့သြခဲ့ရသေးသည်မဟုတ်ပါလား။ ဘာကြောင့် လည်း ဆိုတာ တော့ မောင် ဆက်မမေး မိခဲ့တော့ပေ။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Donde viven las historias. Descúbrelo ahora