Uni_အပိုင္း ၆

6.7K 385 0
                                    

ရိပ် ထိုနေ့ ညက နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ခံ ရင်း မောင့်မျက်နှာ လေး အား ပြေမြင်ကာ ထိုနေ့တစ်ည ကုန်ဆုံးခဲ့ရလေသည်။ ရိပ် နံနက်မိုးလင်းသည်အထိ ထို ဧည့်ခန်းကြမ်းပြင်၌ သတိမေ့ နေခဲ့လေသည်။ ခင်လုံးမှာလည်း ဖွားဖွား ကြီး အမိန့် ကြောင့် ရိပ် အား မကူညီနိုင်ခဲ့ ပေ။ ရိပ် နံနက်လင်းခါ နီးမှ သာ သတိ ရလာ ကာ သူ၏ အိပ်ခန်း သို့ ပြန်လာ ခဲ့ လိုက်လေသည်။

ပြီးနောက် ကိုယ့်ဘာသာ ပင် ဆေးဘူးလေး အားယူကာ ခေါင်း မှ ဒဏ်ရာ အား ပက်တီးစည်း ပြီးကာ ကျောမှ ဒဏ်ရာ များ အား မှီသလောက် လိမ်းလေး လိမ်းကာ အဝတ်လဲ လိုက်လေသည်။

ရိပ် အဝတ်အစားလဲ ပြီး ကာ မနည်း အား ယူ ထ ရင်း အကိုက်အခဲ ပျောက်ဆေးများ အား သောက်ပြီး ကာဖွားဖွားကြီးတို့ စား ရန် မနက် စာ များ ထကာ ချက်ပေးခဲ့ ရပြန်လေသည်။

"ဟင် ..သခင်လေး ..ခင်လုံး ချင်လိုက်ပါ့မယ်နော် "

"သခင်လေးက ကိုယ်ဝန်ကြီးနဲ့ ပြီးတော့ ဒဏ်ရာ ကြီး နဲ့ ခင်လုံး ဘာသာ ပဲ ချက်လိုက်ပါ့မယ် သခင်လေးရယ် "

"ဒဏ်ရာ တွေ က ညော်မိရင်ရောင်လာ တက်တယ် "

ခင်လုံး တား သော်လည်း ရိပ် ခင်လုံးကို လည်း အား နာသည် ပြီနောက် ဖွားဖွားကြီး က လည်းရိပ်မနက် စာ မချက်တာသိလျှင် ရိပ်အား ထပ်ရိုက်မည်ကို ရိပ် သိနေသည့်လအတွက် ရိပ် ကြိတ်မှိတ်ကာ မနက် စာ ချက် ပြုပ်ပေးလိုက်လေသည်။

မောင်လည်း နောက်၂ရက်ဆို လျှင် ပြန်လာ တော့ မည်မို့ ရိပ် အား တင်း ထား လိုက်လေသည်။ ရိပ် ထမင်းဟင်း ချက်ပြီး သည်နှင့် ရိပ် အခန်းသို့ ပြန်လာ ကာ ရိပ် နား နေခဲ့ လိုက်လေသည်။

ရိပ် အိပ်ရာလေး ထပ် အနား ယူ လိုက် ရာ ရိပ်နိုးလာ သော် ရိပ် အရမ်းကို မျှော်လင့်တောင့်တနေသော ရင်ခွင်ကြီးထဲ ရိပ် ရောက်နေခဲ့လေသည်။ ရိပ် အိမ်မက် လို့ ပင်ထင်နေဆဲပင်။ ရိပ် ယခင်က မှ အိပ်လိုက်သည်မဟုတ်ပါလား။ မောင်က လည်းဟနောက် ၂ရက်မှ ပြန်လာ မည် မဟုတ်ပါလား။ ယခု မြင်နေရသည့် မောင်က သူ့အိမ်မက် သူလွမ်းလွန်းလို့ မောင့်ကို မြင်နေသည် ဟု သာ ရိပ် တွေးနေမိခဲ့လေသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Donde viven las historias. Descúbrelo ahora