Uni_အပိုင္း ၅

6.8K 400 9
                                    

ရိပ် လက်မှာ အပူလောင်ထား သော ကြောင့်အရေပြား မှာ ရဲတက်လာကာ အချို့ နေရာများ ၌ အရည်ကြည်ဖုလေး များ ပင် ထ လာ ခဲ့ ရလေသည်။ ရိပ် အပူလောင်ထားသော လက်မောင်း အား ထောပတ်တို့နှင့် သုတ် လိမ်း ထား လိုက်လေသည်။ ကိုယ်ဝန် မှာ လည်း ၅လ နီးပါး ရှိ နေပြီ ပို့ ရိပ် စိတ်ကို အတက်နိုင်ဆုံးရှော့ ထား ခဲ့ လေသည်။

ရိပ်ဟာ ယောကျာင်္း တစ်ယောက် ဖြစ်သော် ငြားလည်း ရိပ် အတွက် ယခု လို မောင်မရှိ သည့် အချိန် မျိုး မှာရိပ် စိတ်ထဲ သိမ် ငယ် လာ ခဲ့ ရသည်။ မောင် သာ ရှိ ခဲ့ ရင် ဟူ ငေါ အတွေး လေး က ရိပ်ကို ပို ၍ ပင် ဝမ်း နည်း စေ ခဲ့ လေသည်။

ရိပ် လို ဆွေမျိုးတွေ နဲ့ ဝေး ရာ မှာ မောင့် မျက်နှာ တစ်ခု ထဲ နှင် လိုက် လာ ခဲ့ သည့် ရိပ် အတွက် တကယ် ပင် အထီးကျန် ရလေသည်။ မောင့် ကို လည်း အနှောင့်အယှက် မဖြစ်စေချင်ပေ။

"လွမ်တယ် မောင် ..မောင် မရှိ တဲ့ ဒီ ၂ ရက် လေး မှာ ကို ရိပ် မောင့် ကို သိပ် လွမ်း တယ် မောင် "

"မောင်ကော အလုပ်တွေ အဆင်ပြေရဲ့လား "

ရိပ် ကုတင်လေး ပေါ်၌ ထိုင် ရင်း  မောင့် ဓာတ်ပုံလေး အား ကြည့် ကာ ရိပ် မျက်ရည်လေး များ ပင် ဝိုင်းလာ ခဲ့ ရပြန်လေသည်

မောင် ဟို ရောက်သွား ကထဲ က ရိပ်ကို ဖုန်း လေး ပင်မဆက်ခဲ့ ပေ။ မောင် အလုပ်တွေ များ နေလို့ ထင်ပါရဲ့။

ရိပ် မောင်ကို လွမ်းတဲ့ စိတ်နှင့် ပင် ထို နေ့ လေး တစ်နေ့ တော့ ကုန်ဆုံး ခဲ့ ရပြန်ပေအုံးမည် ဖြစ်သည်။

"ဖွားဖွား ..ခတ္တာ လုံးဝ မကျေနပ်သေးဘူးနော် "

"အဲ့လို ကောင်ကြောင့် မောင်က ခတ္တာ ကို မရွေးချယ်ခဲ့တာ အဟင့် အဟင့် "

"ဖွားဖွား ကတိ ပေး ထား တဲ့အတိုင်း မောင့်ကို ခတ္တာအတွက်ပဲ စီစဉ်ပေးရမယ်နော် ဖွားဖွားအဟင့် အဟင့် "

"ခတ္တာ ရှက်တယ် အဲ့ အခြောက်ကောင်ကြောင့် အဲ့ ကောင်ကြောင့် မောင် က စေ့စပ်ပွဲ ဖျက်ခဲ့တာ "

ဖွားဖွားကြီး ဒေါ်ထိပ်ထားစံ တစ်ယောက် သူ့အား ဖက်ကာ ငို နေသည့် ကလေး မလေး ကြောင့် စိတ်မကောင်း ဖြစ်လို့နေ လေသည်။

မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)Où les histoires vivent. Découvrez maintenant