☘️မောင့် မျက်နှာ တစ်ကမ္ဘာ☘️
အပိုင်း ၎
"ပါးပါး ..အီးဟီး ...ပါးပါး"
သားသားလေးမှာ တမာ ပင် ကြီး အောက် မှ ထိုင်နေသော ရိပ် ရင် ရင်ခွင်ထဲ သို့ ပြေးဖက်ထားလိုက်လေသည်။
"ပါးပါး လူဆိုး ...ပါးပါး လူဆိုး "
"အီးဟီး ...ပါးပါး သားသား ကို ပြစ်ထား တယ် ..အဟင့် အဟင့် "
(၄) နှစ်အရွယ် သာ ရှိသေးသော ခက်ရိပ်မောင် လေး မှာ ရိပ် ရင်ခွင်လေးထဲ ၌ မျက်ရည်များ ရွဲ နစ်သွား သည့် တိုင်ကို ပင် အော်ကာ ငို နေခဲ့ လေတော့ သည်။ ကလေး ငယ်လေး ၏ အော် ငို သံ ကြောင့် အိမ်ထဲ မှ ရှိ သော အရီး တို့ ပင်ထွက်လာခဲ့ လေသည်။
မြင်လိုက် ရသော မြင်ကွင်း လေး ကြောင့် အရီးတို့ မှာ အံ့သြနေခဲ့လေသည်။
"ဖိုးထင် လူလေး ...ဒီ ဒီ ကလေး လေး က "
အရီး ရိပ်ခွင်ထဲ မှ ကလေး လေး အား လက်ညိုး ထိုး ပြ ကာ မေး လာသည် မို့ ဖိုးထင် ငါးလေး သာ ငြိမ့် ပြ ခဲ့ လေသည်။
ရိပ် သူ၏ ရင်ခွင် ထဲ မှ ကလေး ငယ်လေး ကြောင့် အတန် ကြာ တိတ် ဆိတ် နေမိခဲ့ လေသည်။
သူ၏ မြင်ကွင်း လေးထဲ လက်ရှိ အချိန် မဟုတ်ပါ ပဲ မီးလောင်နေသော စက်ရုံ ကြီးနှင့် မီးထဲ မှ ကြား နေရ သော အသံ အစ သဖြင့် ရိပ် နားထဲ ပြန်၍ ကြားရောင်လာခဲ့ လေသည်။
"ပါးပါး ရေ ..ပါးပါး ..သားတို့ကို ကယ်ပါ အုံး "
"ရိပ် ..ရိပ် မောင့် ကိုကယ်ပါ အုံး "
"အား ...ပူတယ် အီးဟီး ပါးပါးရေ ..ပူ တယ် ...ပါးပါးရေ ကယ်ပါ အုံး ..အီးဟီး "
ရိပ် ကလေး ငယ်လေး ၏ အသံ ကြောင့် ရိပ် ခေါင်း တွေ ကိုက်ခဲ လာ ရကာ ရိပ် ပါးပြင်ထပ် မျက်ရည်များ စီးကျ လာခဲ့ ရလေသည်။
"သား သား ပါး ပါး ရဲ့ သား သား "
"မောင် ..အဟင့် အဟင့် မောင်ရေ "
ရိပ် တစ်ယောက် ငို ကြွေး သံ တို့ နှင့် အတူ သူ့အား ဖက်ထား သော ကလေး ငယ်အာူး့ကိုယ်ပေါ် မှ ဖယ် ကာ လက်ထဲ မှ ကော်ရုပ်ကလေး အား ပွေ့ ချီ ကာ ရွာ နောက်ပိုင်း သို့ ပြေး လာ ခဲ့ ပြန်လေသည်။
YOU ARE READING
မောင့် မျက်နှာ တစ်ကမ္ဘာ(Completed)
Short Storyရိပ်မှာ တွယ်တာစရာဆို လို့ မောင်နဲ့ သားလေးပဲ ရှိတာ ပါ မောင်ရယ်