EIGHT

1.3K 215 48
                                    

Unicode & Zawgyi

Unicode

အချိန်တစ်ချို့ဟာကြာရှည်သွားခဲ့သလိုဂျောင်ကုအပေါ်ကိုအုပ်မိုးကြည့်နေတဲ့ကင်ဆော့ဂျင်ရဲ့မျက်နှာချောချောဟာလည်းအသက်ရှုတွေမြန်ဆန်လာတာကိုသတိထားမိသည်။ချစ်နေတယ်ဆိုတာကိုသတိပြုမိပြီးချင်းမှာပဲသတိဝင်သွားတာဟာသူတို့ဒီအခြေအနေကြီးနဲ့ဘယ်လောက်တောင်ကြာနေပြီလဲ။ကိုယ်တစ်ဖက်သတ်သဘောကျနေတဲ့လူတစ်ယောက်နဲ့မျက်နှာနှစ်ခုထိလုဆဲဆဲအခြေအနေကြီးဟာအတော့်ကိုရှက်စရာကောင်းတာမို့ဖယ်ပေးခိုင်း​ရတော့သည်။

"ဟို....ကျွန်တော့်အပေါ်ကဖယ်ပေးပါဉီး"

"ဪ.....အင်း"

ထိုမှသာဖယ်ခွာသွားသောမျက်နှာချောချော။ဂျောင်ကုမှာလည်းရှက်ရှက်နဲ့လည်ဂုတ်ကိုသာပွတ်နေမိသည်မှာကြာရင်မီးထတောက်တော့မည်။သို့ပေမယ့်ကင်ဆော့ဂျင်ကတော့ဟန်ဆောင်ပဲကောင်းတာလား၊သို့မဟုတ်လုံးဝကိုပဲဘာမှမခံစားရတာလားတော့မသိ။စားပြီးသားမုန့်ခွံတွေကိုရှင်းလင်းနေတာမို့ဂျောင်ကုလည်းမနေသာတော့ဘဲကူညီပေးရတော့သည်။

"ကျွန်တော့်ကိုပေး"

"ဒါလေးတွေယူပြီးသွားနှင့်တော့နော်"

မုန့်ခွံတစ်ချို့ကိုလွတ်နေတဲ့ကြက်ကြော်ဘူးထဲစုထည့်ကာထိုဘူးကိုလက်ထဲကမ်းပေးလာတဲ့ကင်ဆော့ဂျင်ရဲ့မျက်နှာကိုစေ့စေ့မကြည့်နိုင်တော့ဘဲအခန်းထဲမှပြေးထွက်ခဲ့ရသည်။ဒါတောင်အပြင်ရောက်တော့အဆက်မပြတ်တစ်ဒိတ်ဒိတ်မြည်ဟီးနေသေးတဲ့နှလုံးသားအားအသာဖိထားရသေးသည်။ပြီးမှပြုံးကာမီးဖိုချောင်ထဲဝင်ဖို့ပြင်လိုက်ပေမယ့်ဧည့်ခန်းထဲမှာမြင်လိုက်ရတဲ့လူရိပ်ကြောင့်ခြေလှမ်းတွေဟာအတန့်သား။အိမ်ပေါက်ကိုမျက်နှာမူကာဂျောင်ကုရှိရာဖက်ဆီနောက်ကျောပေးထိုင်နေတဲ့ထိုလူဟာတစ်ခုခုကိုအာရုံစိုက်လုပ်နေပုံရတာကြောင့်နည်းနည်းတော့လန့်သွားသည်။သူတို့နှစ်ယောက်လုံးကလည်းအိမ်ကိုပစ်ပြီးရုပ်ရှင်ကြည့်နေမိတာမဟုတ်လား။ပြီးတော့ဒီတစ်ခေါက်ကတော့အရင်တစ်ခါကလိုမမှားနိုင်။ကင်ဆော့ဂျင်ဟာအခုထိtheatreထဲကထွက်မလာသေးဘူးမဟုတ်လား။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now