TEN

1.3K 199 95
                                    

Unicode & Zawgyi

Unicode

"အခုချိန်ထိမင်းဒီအိမ်ပေါ်ရောက်လာတာဇာတ်ညွှန်းကြောင့်လို့ထင်နေတုန်းလားဂျောင်ကုလေး"

လှုပ်ခတ်လာတဲ့ရင်အစုံနဲ့အတူအံ့သြမှုကြောင့်ပွင့်ဟလာတဲ့နှုတ်ခမ်းပါးတို့မှတစ်ဆင့်ဖွင့်ဟမေးထုတ်ချင်ပေမယ့်စေးကပ်နေတဲ့လည်ချောင်းကဘာသံမှထွက်မလာတော့။နားမလည်နိုင်သောမျက်ဝန်းတွေနဲ့သာရပ်ကြည့်မိနေတော့ကင်ဆော့ဂျင်ဟာနှုတ်ခမ်းထောင့်စွန်းလေးကော့တက်ရုံမျှသာပြုံးပြသည်။

"ကဲ....ထားပါ.....ဇာတ်ညွှန်းစာရွက်တွေသွားယူချေ.....ကိုယ်စာကြည့်ခန်းထဲကနေစောင့်နေမယ်"

ဘာမှတောင်မမေးလိုက်ရသေးဂျောင်ကုကိုကျောပေးကာစာကြည့်ခန်းထဲဝင်သွားသူကြောင့်နေရာမှာတင်မလှုပ်မယှက်ကျန်ရစ်နေခဲ့သူဟာဂျောင်ကုတစ်ယောက်တည်းသာ။ဇာတ်ညွှန်းကြောင့်မဟုတ်ရင်ဘာအတွက်ကြောင့်ဒီအိမ်ပေါ်ခေါ်တင်ထားပါလိမ့်။အဆိုပါမေးခွန်း​ကြီးဟာဂျောင်ကုခေါင်းထဲတွင်တဝဲလည်လည်ဖြင့်မအီမသာကျန်ရစ်ခဲ့လေသည်။သိချင်အောင်ဆွသွားပြီးသိရခါနီးမှတိကနဲဖျက်ချခံရလိုက်ပုံကDaily Dramaကြည့်နေရသလိုပင်။ဒီလိုအခြေအနေကြီးဟာဂျောင်ကုကဲ့သို့သိချင်စိတ်ပြင်းပြသောသူတစ်ယောက်အတွက်တကယ်ကိုခံရခက်သောအခြေအနေကြီးဖြစ်သည်။ဒါကြောင့်အခန်းထဲဝင်ကာဇာတ်ညွှန်းစာရွက်အချို့၊Laptopနဲ့Notebookတို့ကိုယူကာစာကြည့်ခန်းထဲသို့ပြေးဝင်ခဲ့ရတော့သည်။

အိမ်ထဲရှိပုံမှန်အခန်းမှာကဲ့သို့ဆင်စွယ်ရောင်တောက်နေသောသစ်သားတံခါးကာရံထားတဲ့စာကြည့်ခန်းရှေ့တွင်မတ်တပ်ရပ်လိုက်ပြီးအခန်းတံခါးကိုအရင်ခေါက်လိုက်ရသေးသည်။အထဲကနေပြန်သံပေးမှတွန်းဝင်ခဲ့တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့သြမိပြန်သည်။အခန်းတံခါးနဲ့မျက်နှာချင်းဆိုင်နံရံတွင်ကပ်လျှက်ထောင်ထားတဲ့ကြီးမားသောစာအုပ်စင်ကြီးနှင့်ထိုအရှေ့တွင်တော့သစ်သားစားပွဲနဲ့ကုလားထိုင်လေးတစ်လုံးရှိသေးသည်။ထိုစားပွဲရဲ့အရှေ့မှာမှစာဖတ်ရင်ထိုင်လို့ရသည့်ဆိုဖာအပျော့စားနှစ်ခုကိုကြားထဲကစားပွဲသေးသေးလေးခံ၍ချပေးထားသည်။ညာဖက်တွင်တော့ကြီးမားလှသောနီညိုရောင်ကတ္တီပါခန်းစီးစကြီးရှိသေးသည်။ဖွင့်လိုက်ရင်တော့အလင်းရောင်တော်တော်ရမှာမှန်ပေမယ့်ယခုလောလောဆယ်ကတော့ပြင်ပအလင်းရောင်ကိုကာကွယ်ထားသေးသည်လေ။အခန်းနံရံမှအစ၊သစ်သားစားပွဲ၊ခန်းစီးစ,စသည်တို့ကိုနီညိုရောင်အဓိကထား၍သုံးထားသောဤစာကြည့်ခန်းသည်မသိရင်အနောက်တိုင်းနန်းဆောင်တစ်ခုအလားပင်။

TE ADORO|||JINKOOK||| [Completed]Donde viven las historias. Descúbrelo ahora