ONE

3.2K 267 33
                                    

Unicode & Zawgyi

Unicode

နန်းတော်တမျှသောစံအိမ်ကြီး၏အလယ်တွင်စုရုံးနေသောလူတစ်စု။တစ်ချို့မှာလည်းလည်ပင်းတစ်ဆန့်ဆန့်ဖြင့်တောက်ပြောင်ခမ်းနားလှတဲ့လှေကားကြီးကနေဆင်းလာမယ့်သူတွေကိုမျှော်နေသလို၊တစ်ချို့ကလည်းပြင်ဆင်ထားတဲ့မေးခွန်းအကြောင်းအရာနဲ့ကင်မရာထဲဖလင်ရှိမရှိစသည်တို့ကိုစစ်ဆေးကာပြင်ဆင်စရာရှိတာပြင်ဆင်နေကြသည်။

"လာပြီ.....လာပြီ"

လူအုပ်ထဲကနေထွက်လာသူတစ်ယောက်ရဲ့စကားကြောင့်အကုန်လုံးရဲ့လည်ပင်းတွေဟာခမ်းနားပြီးတောက်ပြောင်လွန်းတဲ့လှေကားကြီးရဲ့ထပ်ဆုံးတွင်ရပ်နေတဲ့လူသုံးယောက်ဆီရောက်သွားကြသည်။ကြက်သွေးရောင်Tuxedoကိုခန့်ညားစွာဝတ်ထားတဲ့အမျိုးသားတစ်ယောက်။ထိုအမျိုးသား၏လက်ကိုချိတ်ဆွဲထားကတော့ကြက်သွေးရောင်evening gownနဲ့ကျက်သရေရှိစွာလှပနေသောအမျိုးသမီးတစ်ဉီး။သူတို့ရှေ့တွင်တော့ကြက်သွေးရောင်ရှပ်လက်ရှည်ကိုstyle pantအနက်ရောင်နဲ့တွဲဝတ်ထားပြီးဆံပင်အချို့ကိုလှန်တင်ထားတဲ့ဆယ့်သုံးနှစ်သားလေးတစ်ယောက်။

ထိုမိသားစုသုံးယောက်မှာတော့တစ်ဖျက်ဖျက်လက်နေတဲ့သတင်းထောက်တွေရဲ့ကင်မရာထဲတွင်ပျော်ရွင်စရာကောင်းသောမိသားစုရဲ့ပုံရိပ်ကိုသာထည့်ပေးနိုင်ရန်အတွက်ကြိုးစားပြုံးပေးနေရသည်။တစ်လှမ်းချင်းလှမ်းကာအောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့Bodyguardငါးယောက်လောက်ကကြိုဆိုနေသည်။ထိုလူငါးယောက်ကိုခြံရံပြီးဧည့်ခန်းတွင်ခင်းကျင်းထားတဲ့တစ်လုံးထဲသောဆိုဖာပေါ်တွင်ထိုင်လိုက်တော့အနောက်တွင်လာရပ်တဲ့လူသုံးယောက်၊ကျန်လူနှစ်ယောက်မှာတော့ဘေးတစ်ဖက်တစ်ချက်စီတွင်နေရာယူနေလေသည်။

"ကျေးဇူးပြုပြီးမတိုးကြပါနဲ့......ကျွန်တော်တို့ကဒီနေ့လူကြီးမင်းတို့ရဲ့မေးခွန်းတွေအားလုံးကိုဖြေပေးမှာပါ"

သြဇာအပြည့်ပါသောအသံကဟိန်းထွက်လာတော့တိုးကြိတ်နေတဲ့အသံတွေရပ်သွားသည်။ပြီးမှလက်ထောင်လာတဲ့သတင်းထောက်ရဲ့နံပါတ်ကိုဘေးကနေလာပေးထားတဲ့မိုက်အကူအညီကိုယူကာခေါ်လိုက်သည်။

TE ADORO|||JINKOOK||| [Completed]Donde viven las historias. Descúbrelo ahora