SEVEN

1.4K 212 65
                                    

Unicode & Zawgyi

Unicode

ရေချိုးပြီးလျှော်ပြီးခါစဆံပင်တွေကိုdryerအကူအညီဖြင့်ခြောက်သွေ့အောင်လုပ်လိုက်ပြီးဗီရိုကိုဆွဲဖွင့်လိုက်သည်။ဒီနေ့ဟာတကယ့်ကိုအရေးကြီးတဲ့နေ့ဖြစ်တာကြောင့်သပ်သပ်ရပ်ရပ်ဝတ်စားသွားရန်ပြင်လိုက်သော်လည်းအနက်နဲ့ခဲရောင်ထဲကနေမထွက်တဲ့ကိုယ့်အဝတ်အစားတွေကိုကြည့်ပြီးစိတ်ပျက်သွားရပြန်သည်။ဇာတ်ညွှန်းဖတ်ပွဲကိုမီဒီယာတွေမလာပေမယ့်ကုမ္ပဏီကနေဓာတ်ပုံတစ်ချို့ရိုက်တင်မှာဖြစ်တာကြောင့်ဇာတ်ညွှန်းဆရာဖြစ်တဲ့ကိုယ်ကသပ်သပ်ရပ်ရပ်ဝတ်စားသွားသင့်သည်မဟုတ်ပါလား။သို့သော်အဝတ်အစားတွေကိုထုတ်ကြည့်လိုက်တော့အနက်နဲ့ခဲရောင်ကိုမှတီရှပ်ပွပွကြီးတွေ၊modern hanbokတွေနဲ့သာပြည့်နှက်နေတာမို့ခေါင်းခါလိုက်မိသည်။ပြီးတော့မှတစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်ဗီရိုအောက်အံဆွဲကိုဖွင့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့စက္ကူဘူးလေးကြောင့်ပြုံးမိသွားသည်။

ထိုစက္ကူဘူးလေးကိုကုတင်ပေါ်တင်လိုက်ကာဖွင့်ကြည့်လိုက်တော့နက်ပြာရောင်အခံပေါ်မှာအဝါစင်းလေးတွေပါတဲ့ကော်လံရှပ်လက်ရှည်ကိုတွေ့လိုက်ရသည်။ဒီအင်္ကျီလေးဟာဂျောင်ကုပထမဆုံးစာအုပ်ထုတ်ဝေတဲ့နေ့ကလေးမင်ဝယ်ပေးခဲ့တဲ့အင်္ကျီဖြစ်ပြီးကပ်စေးနှဲကော်တရာဆီမှပထမဆုံးလေမကုန်ပဲရတဲ့လက်ဆောင်ဖြစ်တာကြောင့်ဂျောင်ကုမှာဝတ်တောင်မဝတ်ရက်ခဲ့။သို့ပေမယ့်အခုကတော့မဖြစ်တော့။ဒါကြောင့်ထိုအင်္ကျီလေးကိုနက်ပြာရောင်ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်လိုက်ပြီးလျှော်ထားတဲ့ဆံပင်တွေကိုအနည်းငယ်ပုံသွင်းလိုက်သည်။မျက်ကပ်မှန်တပ်မလို့ပြင်လိုက်ပေမယ့်မျက်မှန်နဲ့ကပိုလိုက်မယ်ထင်တာကြောင့်အပြင်သွားတဲ့အခါတပ်တဲ့လေးထောင့်မကျဘဲဉပုံမကျတဲ့ငွေရောင်မျက်မှန်လေးကိုထုတ်တပ်လိုက်သည်။ပြီးမှကိုယ့်ပုံကိုယ်မှန်ထဲတွင်တစ်ပတ်လှည့်ကြည့်ကာသဘောကျဟန်ဖြင့်လက်မတစ်ချက်ထောင်လိုက်သေးသည်။ပြီးမှအိပ်ရာပေါ်တင်ထားတဲ့ဘေးလွယ်အိတ်ကိုတစောင်းလွယ်လိုက်ကာအခန်းအပြင်ထွက်လိုက်တော့သည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now