Unicode & Zawgyi
Unicode
"ဂျီမင်းhyung.....ကျွန်တော်လမ်းထိပ်ကစတိုးမှာရောက်နေတာမို့ဘာလိုသေးလဲ"
ဖုန်းကိုလက်တစ်ဖက်ကကိုင်ကာတစ်ဖက်ကခြင်းကိုဆွဲလို့hyungပြောတဲ့ဟင်းချက်စရာတန်းတွေထားတဲ့နေရာကိုလျှောက်ရပြန်သည်။
"ပဲငံပြာရည်ရယ်.....ငရုတ်သီးအနှစ်ထုတ်ရယ်.....ပြီးတော့ဆားရယ်.....ဒါပဲလားhyung"
"......."
"ပြောလိုက်hyungယောင်္ကျားကို.....လိုချင်ရင်လာဝယ်လို့"
"......"
"ဒါပဲhyung"
ဖုန်းကိုချလိုက်ပြီးအိမ်ကအရက်ဂျိုးလေးမင်အတွက်ဘီယာဘူးဝယ်ရန်အအေးစင်တွေဘက်လျှောက်ရပြန်သည်။ဘီယာဘူးတွေစီတန်းထားတဲ့နေရာကိုမရောက်ခင်မြင်လိုက်ရတဲ့banana milkဘူးတွေကြောင့်ခြေလှမ်းတွေကိုရပ်လိုက်ကာနှစ်ကဒ်သုံးကဒ်လောက်ကောက်ထည့်လိုက်သေးသည်။ကိုယ်တစ်ယောက်တည်းဆိုအဲ့လောက်မကုန်ပေမယ့်လေးမင်ကြောင့်ပိုပိုဝယ်ရတာဖြစ်သည်။ပြောလိုက်ရင်ဖြင့်မင်းရဲ့ကလေးစာတွေဘာတွေနဲ့ပြီးရင်ခိုးခိုးသောက်တာမသိတာကျ။
"အ့.....တောင်းပန်ပါတယ်ဗျ"
ငေးရင်းလျှောက်လာသဖြင့်ရေခဲသေတ္တာရှေ့တွင်ရပ်နေတဲ့အမည်းရောင်လူသားကိုမမြင်မိဘဲဝင်တိုက်မိသောကြောင့်တောင်းပန်ရခြင်းဖြစ်သည်။မျက်နှာကတော့ဘယ်ပုံဘယ်ရွေ့ရှိမယ်မသိပေမယ့်အင်္ကျီအမဲကိုဘောင်းဘီအမဲနဲ့တွဲဝတ်ထားတဲ့ထိုလူသားကိုတောင်းပန်ကာဘီယာဘူးငါးဗူးလောက်ယူခဲ့ပြီးကောင်တာဘက်ထွက်လာခဲ့လိုက်သည်။ပိုက်ဆံရှင်းပြီးအထုတ်တွေဆွဲကာသုတ်သုတ်,သုတ်သုတ်နဲ့အိမ်ပြန်လာပြီးမှလမ်းတစ်ဝက်တွင်တစ်ခုခုကိုသတိရသွားဟန်ဖြင့်လက်ကောက်ဝတ်လေးကိုပြန်စမ်းရသည်။လွတ်နေတဲ့လက်ကောက်ဝတ်လေးကိုကြည့်ပြီးမျက်ရည်ကလည်လာချင်သည်။ကျောပိုးအိတ်တွေပါဖွင့်ကြည့်၊ရှိရှိသမျှအိတ်ကပ်တွေပါနှိုက်ကြည့်ပြီးမရှိတာသေချာပြီဆိုမှခုနကSupermarketဆီပြေးရသည်။
ESTÁS LEYENDO
TE ADORO|||JINKOOK||| [Completed]