TWENTY

874 147 27
                                    

Unicode & Zawgyi

Unicode

မနက်မိုးလင်းလာတိုင်း အသက်ရှင်သန်နေရတာ ကိုဝမ်းသာမိတဲ့ အကြောင်းပြချက်လေးက လက်မောင်းပေါ်မှာ ငြိမ်ငြိမ်လေးအိပ်စက်နေလေသည်။နုနယ်ပြီး လက်တစ်ခုပ်စာသာရှိတဲ့မျက်နှာသေးသေးလေးကို မြင်နေရပေမယ့် ဒီနေ့တစ်ခုခုလိုအပ်နေသလိုပင်။မကောင်းတဲ့ခံစားချက်ကြီးက ကျက်သရေမရှိစွာ မနက်ခင်းအစောမှာတင် ဝင်ရောက်လာတော့ သက်ပြင်းကိုအသာရှိုက်လိုက်ပြီး သူ့ရဲ့နဖူးပြင်ကို ဖွဖွနမ်းလိုက်မိသည်။အနည်းငယ်တောင်လှုပ်ရွမလာတဲ့ သူ့ရဲ့ကလေးက မနေ့ညတုန်းက ညဉ့်နက်တဲ့အထိစာတွေထိုင်ရေးနေတာဖြစ်သည်။ယခုရိုက်ကူးလျှက်ရှိတဲ့ THE LORAဇာတ်ညွှန်းဟာ အရင်တစ်ပတ်ကတည်းက ပြီးသွားတာဖြစ်ပြီး နောက်ဝတ္ထုတောင် အသစ်စရေးနေပြီဖြစ်သည်။ရိုက်ကူးရေးဟာလည်းဒီနေ့ အပြီးသတ်မှာဖြစ်ပြီး နောက်တစ်ပတ်ဆို စတင်ပြသတော့မှာဖြစ်သည်။My First Loveဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေးသားထားတဲ့စာသားအချို့ဟာ သူနဲ့သက်ဆိုင်တာကိုသိတော့ ရင်လေးဖိုလာရသည်။

"ဂျောင်ကုလေး"

နည်းနည်းလှုပ်ရွလာသဖြင့် ပါးပြင်ကိုအသာနမ်းကာနှိုးမိတော့ အသံမထွက်နိုင်ရှာတဲ့ကလေးဟာ ခေါင်းလေးကိုပဲ အသာဆတ်ပြလေသည်။

"အိပ်ရေးမဝသေးရင်ဆက်အိပ်.......ကိုယ်ကရိုက်ကူးရေးလက်စသတ်ရမှာမို့ဒီနေ့စောစောသွားရမှာ........မနက်စာပြင်ပေးပြီးထားခဲ့မယ်နော်"

ခေါင်းကိုအသာငြိမ့်ပြပြီး ဆော့ဂျင်လက်မောင်းပေါ်ကနေ လိမ့်ဆင်းသွားကာ ကျောပေးအိပ်ပျော်သွားတဲ့သူလေးဟာ တော်တော်ကြီးကိုအိပ်ချင်နေပုံရတာကြောင့် ဘာမှဆက်မပြောတော့ဘဲ အိပ်ရာပေါ်ကနေ အသာဆင်းလာခဲ့လိုက်သည်။စောင်လေးကိုရင်ဘတ်အထိရောက်အောက် ပြန်ခြုံပေးလိုက်ကာ နဖူးပြင်ကိုအသာဖွဖွနမ်းပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်တော့သည်။ရေချိုး၊အဝတ်လဲပြီးတာနဲ့ မီးဖိုချောင်ထဲဝင်ကာ မနေ့ညကမစားဖြစ်လိုက်တဲ့ ထမင်းတွေကိုကြော်လိုက်သည်။ပြီးမှအမဲသားလေးတွေကိုပါ ကြော်လိုက်ပြီး အတုံးသေးသေးလေးတွေညှပ်ကာ ထမင်းကြော်ပန်းကန်ထဲပုံပေးလိုက်သည်။ထိုထမင်းပန်းကန်လေးနဲ့လိမ္မော်ရည်လေးကို စားပွဲပေါ်တင်ကာ အုပ်ဆောင်းအုပ်ထားလိုက်ပြီး ဆော့ဂျင်ကိုယ်တိုင်လည်း တစ်ပန်းကန်ခူးစားလိုက်သည်။စားသောက်ပြီး အခန်းထဲကို လိုအပ်တာတွေပြန်သွားယူတော့ အိပ်ပျော်နေဆဲကလေးငယ်ဟာ သေချာခြုံပေးထားတဲ့စောင်တွေကို အရင်ဘဝကရန်သူအလား ကုတင်အောက်ထိရောက်အောင် ကန်ချထားတာပင်။လိုအပ်တဲ့ပစ္စည်းတွေကို backpackတစ်လုံးထဲစုထည့်လိုက်ပြီး ကုတင်အောက်ရောက်နေရှာတဲ့စောင်လေးကို ပြန်ခြုံပေးခဲ့လိုက်သည်။ဂျယ်ဟွမ်းလည်းရောက်နေပြီဖြစ်တာကြောင့် ရိုက်ကူးရေးရှိရာဆီကိုသာထွက်ခဲ့လိုက်တော့သည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now