Ep 2

532 63 4
                                    

" သောနူ "

" ငါ့နာမည် ကင်မ်ဆောနူ ,
သောနူမဟုတ်ပါဘူးဆို "

ဒီဂျပန်ကောင်‌နဲ့တော့တော်တော်လေးခက်နေပါပြီ။ကျွန်တော့်နာမည်ကိုဒီလိုခေါ်တာသူတစ်ယောက်သာရှိသည်။ကျွန်တော်ဘယ်လောက်ပြောပြောအပြုံးမပျက်တဲ့ဒီဂျပန်ကောင်ကိုပြောရတာကျွန်တော်ပဲလူဆိုးဖြစ်တယ်။

" သောနူဆိုတာချစ်စနိုးနဲ့ခေါ်တာ၊
သောနူကအရမ်းချစ်စရာ ကောင်းလို့လေ "

သင်တန်းမှာကျွန်တော့်နောက်တကောက်ကောက်လိုက်ပြီးလိုက်စရတာသူ့အလုပ်တစ်ခုလိုပင်ဖြစ်နေလားမသိ။အခန်းတူနေတော့ပိုဆိုးသည်။ထိုင်တဲ့နေရာမတူရင်တောင်မရရအောင်လိုက်ထိုင်ပြီးကျွန်တော့်နားကမခွာတော့။သူကဒီကျောင်းမှာသူငယ်ချင်းမရှိ။မရှိတာထက်မထားတာ။ကျွန်တော့်နားပဲတစ်ချိန်လုံးကပ်နေတတ်ပြီး။ကျွန်တော့်ကိုပဲလိုက်စနေတတ်တာသူရဲ့နေ့စဉ်ဓူဝအလုပ်တစ်ခုလိုပင်။

" မျက်နှာမပြောင်နဲ့ဝောာ့အတန်းစတော့မယ် "

ဂျပန်ကောင်အားစိတ်မရှည်စွာပြောကာအတန်းရှိရာဆီပြေးရသည်။ကျွန်တော့်နောက်မှကျွန်တော့်နည်းတူလိုက်ပြေးလာသောခြေသံများဟာလည်းကပ်လျက်ပါလာလေသည်။

******

" နီရှီမူရာ "

" ဟုတ်ကဲ့ဗျ သောနူ "

စိတ်ဆိုးမာန်ဆိုးအော်ကာခရမ်းချဉ်သီးလုံးလေးတစ်လုံးလိုဖြစ်နေသောအကောင်ပေါက်မှာချစ်စရာတကယ်ကောင်းသည်။
ကျွန်တော့်ကိုပေစောင်းစောင်းကြည့်နေပုံလေးကအစအသည်းယားစရာအလွန်ကောင်းပါသည်။ဒီလူကကျွန်တော့်ထက်အသက်ကြီးပါတယ်ဆိုတာယုံဖွယ်ရာမရှိ။

" ငါ့မျက်နှာကိုမင်းထပ်လုပ်ပြန်ပြီ "

စိတ်ပျက်လက်ပျက်နှင့်သူ့မျက်နှာပေါ်ရှိမှင်ခြစ်ရာများကိုအကြမ်းပတမ်းပွတ်သုတ်နေသည်။သူအိပ်နေစဉ်အူယားလွန်းလို့ကျွန်တော်ကလိထားသည့်မှင်ခြစ်ရာများပင်ဖြစ်သည်။

" ဖျက်လို့မရဝောာ့ဘူး "

မှန်ထဲမှသူ့မျက်နှာအားကြည့်လျက်မျက်နှာလေးစူပုပ်ကာပြောသည်။ကြွက်ပေါက်လေးလိုချစ်စရာကောင်းနေတာမို့ဘောပန်ဖြင့်ကြွက်ရုပ်လေးဆွဲပေးထားတာကိုမကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now