Ep 7

427 49 2
                                    

" ကျွန်တော်ဒါတွေမလိုချင်ပါဘူး ဒယ်ဒီ "

ယတိပြတ်ငြင်းနေသူ၏စကားကို ကင်မ်ဆောဟန်ခေါင်းရမ်းပြလိုက်သည်။

" ဒယ်ဒီ့သားတစ်ယောက်အဖြစ်သတ်မှတ်ထားလို့
ဒယ်ဒီ ဒီလိုလုပ်တာ ဆောင်းဟွန်း၊
ဆောင်းဟွန်းကလည်း ဒယ်ဒီ့ရဲ့သားပဲလေ "

"ဒယ်ဒီ့သားအဖြစ်သတ်မှတ်ပေးတာနဲ့တင်ကျေးဇူးတင်ရပါတယ် ဒယ်ဒီ၊တကယ်ကျွန်တော်ဒါတွေကိုမလိုချင်ပါဘူး၊ဒယ်ဒီ့ကျေးဇူးတွေကျွန်တော့်အပေါ်ဆပ်လို့ဝောာင်မကုန်နိုင်ဘူး
ဒယ်ဒီ၊ဒီကုမ္ပဏီကို ကိုကြီးကိုလွှဲပေးလိုက်တာပိုပြီးသင့်တော်ပါတယ် "

ကင်မ်ဆောယန်ကဒီလုပ်ငန်းကိုစိတ်ဝင်စားသူမဟုတ်။ဒီအရွယ်ထိရောက်နေပြီ သောက်စားပျော်ပါးဖို့ကလွဲပြီးဦးနှောက်ထဲဘာကိုမှအလေးမထားတတ်တဲ့ကောင်၊သူတို့မောင်နှမနှစ်ယောက်လုံးကို Aussie ကသူ့အဖိုးဆီပို့ဖို့စီစဉ်ပြီးသွားပြီ။သူ့အဖိုးဆီရောက်တာနဲ့ဒီကအချိုးတွေကိုအကုန်ပြောင်းပြစ်ရဖို့ကသေချာသည်။ဒါကြောင့်ဒီနှစ်ကုန်ရင်ပို့ဖို့စီစဉ်ထားပြီးသား။

ကုမ္ပဏီအတွက်ကဝောာ့ဆောင်းဟွန်းနဲ့မှပိုသင့်တော်ပြီးပိုအဆင်ပြေနိုင်တာကြောင့်လွှဲအပ်ပေးဖို့စီစဉ်သော်လည်းဒီကောင်လေးကလုံးဝလက်မခံ။ကိုယ့်သားသမီးတွေထက်ပိုအားကိုးရတဲ့ဒီကလေးကိုသူသားအရင်းတစ်ယောက်လိုချစ်ရပါသည်။အားလည်းကိုးရသလိုယုံလည်းယုံကြည်ရသည်။ဘယ်နေရာဖြစ်ဖြစ်ယုံကြည်စိတ်ချရသူလည်းဖြစ်၏။ကိုယ့်ဆီကဘာမှမျှော်လင့်ခြင်းမရှိတာကိုသိပေမဲ့ ဒီကောင်လေးကလည်းကိုယ့်သားပဲဖြစ်တာမို့ရသင့်ရထိုက်တာကိုတော့ရစေချင်သည်။ဒါပေမဲ့ဆုံးဖြတ်ပြီးရင်ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်တတ်တဲ့ဒီကလေးရဲ့စိတ်ဓာတ်ကိုသိနေဝောာ့လည်းသက်ပြင်းသာချမိပါသည်။

*****

ဒီနေ့တော့ဆောငယ်ရဲ့ဘေးမှာဟိုကောင်လေးကိုမတွေ့ရ။ဆောငယ်အပေါ်သံသယမဝင်ချင်ပေမဲ့ကိုယ်ချစ်ရသူဖြစ်နေတော့လည်းသဝန်တိုစိတ်ကလေးကအနည်းငယ်ဝင်မိတာအမှန်။ဒီကလေးကိုစိတ်မရှုပ်စေချင်တာကြောင့်ရေငုံနှုတ်ပိတ်သာနေမိပေမဲ့ကိုယ်ခံစားရတဲ့ဝေဒနာကို ကိုယ်သာသိသည်။အမြဲလန်းဆန်းတက်ကြွနေတတ်သည့်ကလေးကဒီရက်ပိုင်းအတွင်းမျက်နှာလေးညှိုးနေတာကိုသတိထားမိနေသည်။တစ်ခုခုကိုစိတ်ရှုပ်နေပုံပေါက်နေသည့်ကလေး၏မျက်နှာလေးကနွမ်းနေသည့်ပန်းလေးတစ်ပွင့်လို။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now