Ep 8 (Final )

799 57 0
                                    

" သောနူ ကျွန်တော့်ကိုရှောင်နေတာလား "

" မရှောင်ပါဘူး "

" ကျွန်တော့်မျက်လုံးတွေကိုကြည့်ပြီးပြောပါ "

နီခီ့ရဲ့စကားကြောင့်ကျွန်တော်သက်ပြင်းမောသာချမိသည်။ကျွန်တော်နီခီ့ကိုအားနာတာကြောင့်ငြင်းဆန်တဲ့စကားတွေကိုကျွန်တော်မပြောရက်။ဒါကြောင့်ဒီကောင်လေးနှင့်မတွေ့အောင်ရှောင်နေခဲ့သည်။သို့ပေမဲ့ကျွန်တော်ရှိရာအရပ်ကဒီကောင်လေးနှင့်ပြေးမလွတ်နိုင်ခဲ့။

" ငါမင်းကိုရှောင်နေတာမဟုတ်ပါဘူး နီခီ "

" ကျွန်တော့်ကိုမညာပါနဲ့ ၊သောနူကျွန်တော့်ကိုရှောင်နေတာကျွန်တော်သိတယ် "

အဆုံးထိငြင်းဆန်ဖို့ကြိုးစားခဲ့ပေမဲ့အမှန်တရားကိုသာလိုချင်နေတဲ့ဒီကောင်လေးကိုသူအားနာနာနဲ့သာဖွင့်ပြောရတော့မည်။

" ဟုတ်တယ် ၊ ငါမင်းကိုရှောင်နေခဲ့တာ "

ထိုအခါနီခီ့မျက်နှာကညှိုးရော်သွားသည်။မင်းမလိုချင်တဲ့အမှန်တရားတစ်ခုကိုငါထုတ်ပြောမိတော့မှာနီခီ။နာကျင်စရာစကားတွေကုဆက်မကြားချင်ပါနဲ့တော့လားနီခီရာ။

" ကျွန်တော့်ကိုမချစ်နိုင်လို့လား သောနူ "

တိုးဖျော့ဖျော့စကားသံကဝမ်းနည်းနာကျင်ဟန်အပြည့်။

" ငါမပြောချင်ဘူး နီခီ "

မပြောရက်တာဆိုပိုမှန်လိမ့်မည်။မင်းကိုငါသဘောကျခဲ့တာမှန်ပေမဲ့ချစ်ခဲ့တာမဟုတ်ဘူးဆိုတာကိုငါဘယ်လိုစိတ်နဲ့ပြော
ရက်ပါ့မလဲ။ကိုယ့်မျက်နှာတစ်ကမ္ဘာလိုဖြစ်ခဲ့တဲ့ကောင်လေးမို့ပိုပြီးမပြောရက်။

" ဘာလို့လဲ သောနူ ၊ခင်ဗျားမျက်နှာတစ်ကမ္ဘာထင်မှတ်ပြီးချစ်ပေးခဲ့တာတောင်မလုံလောက်ခဲ့လို့လားဗျာ "

မတည်မြဲခြင်းတွေသာရှိတဲ့ကမ္ဘာလောကကြီးထဲမှာခင်ဗျားကိုတော့ကျွန်တော်ပိုင်ဆိုင်ရမယ်ထင်ခဲ့တာဗျ။ခင်ဗျားကိုပိုင်ဆိုင်ရလုနီးပါးကျွန်တော်ချစ်ပေးခဲ့တာပဲမဟုတ်လား။ခင်ဗျားစိတ်အလုံးစုံဟာ ဘာလို့ကျွန်တော့်ဘက်ကိုပြိုယိုင်မလာခဲ့တာလဲ။သေချာပေါက်ပိုင်ဆိုင်မယ်ထင်ခဲ့တဲ့အတွေးတွေကသေချာပေါက်မှားနေခဲ့မှန်းကျွန်တော်သိခဲ့ရပါပြီ။တကယ်ကိုပူလောင်ရတဲ့အချစ်သောကမီးပါပဲလေ။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now