Ep 3

470 57 0
                                    

" မနေ့ကသောနူကိုလာကြိုတာဘယ်သူလဲဟင် "

သောနူရဲ့စပ်စုလိုက်တာဆိုတဲ့အကြည့်ကိုကျွန်တော်မသိချင်ယောင်ဆောင်လိုက်သည်။

" ငါ့အကို "

သောနူဆီမှပေါ့ပေါ့ပါးပါးဖြေသံကိုကြားရသည်။မနေ့ကကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကသာမာန် ညီအကိုဆိုတာထက်ပိုနေခဲ့တယ်မဟုတ်လား။ဒါပေမဲ့ သောနူဆီမှာအကိုနှစ်ယောက်အမတစ်ယောက်ရှိတယ်ဆိုတာတော့ကျွန်တော်သိထားသည်။ဒါပေမဲ့ ကျွန်တော်ကပဲစိတ်ထင်နေလို့လားမသိ။သောနူနဲ့သောနူအကိုဆိုတဲ့လူဟာရိုးသားတယ်ဆိုတာထက်ပိုကြတာကိုဝောာ့ကျွန်တော့်စိတ်ထဲကသိနေသလိုလို။

" သောနူကချစ်စရာလေး "

တခါခါအဆက်အစပ်မရှိထထပြောတတ်တဲ့ကျွန်တော့်စကားကိုအရင်ကဆိုထထအော်တတ်ပေမဲ့ကျွန်တော့်အကြောင်းကိုသိနေပြီဖြစ်တဲ့သောနူကမျက်စောင်းလှလှလေးမဟုတ်ပေမဲ့ချစ်ရာကောင်းတဲ့မျက်စောင်းလေးကိုကျွန်တော့်ဆီသို့ပစ်လွှတ်ခဲ့ပါသည်။ချစ်ရသူဆီကလာတဲ့အရာမှန်သမျှဟာကျွန်တော့်နှလုံးသားဆီတိုက်ရိုက်စီးဆင်းစေသည်။

*****

" သောနူ ဘာသောက်မလဲ "

" Babble tea ပဲသောက်တော့မယ် "

" Yes "

ဆောနူစားချင်တာကိုမေးပြီးနီခီက counter ဆီလျှောက်သွားကာစားစရာများသွားမှာပေးသည်။သိပ်မကျယ်သိပ်မကျဉ်းတဲ့ဆိုင်လေးကအေးအေးဆေးဆေးရှိကာအေးချမ်းလှသည်။ဒီနေ့သင်တန်းအစောဆင်းတာမို့ နီခီခေါ်ရာလိုက်လာခဲ့ခြင်းဖြစ်သည်။ဆိုင်ထဲခေါင်းဝှေ့ကာလိုက်ကြည့်နေရင်းမျက်လုံးကဆိုင်ပေါက်ဝသို့ရောက်ရှိသွားစဉ်မထင်မှတ်ထားသောသူအားတွေ့လိုက်ရသည်။

မိန်းမတစ်ယောက်နှင့်အတူတွဲဝင်လာသောသူက ဆောနူကိုတွေ့ဟန်မတူ။ထိုမိန်းမအားစကားတပြောပြောဖြင့်ဆိုင်ထဲဝင်လာကြသည်။ထိုမိန်းမထိုင်ဖို့အတွက်ထိုင်ခုံတောင်ဆွဲပေးလိုက်သေးသည်။ဆောနူမျက်စိရှေ့မှလူနှစ်ယောက်အား
သေချာလိုက်ကြည့်နေရင်းဆောနူဒေါသတို့ကအထွဋ်အထိပ်သို့ပင်ရောက်ကုန်သည်။လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကာမကျေနပ်မှုများကိုပွင့်ထွက်မသွားအောင်မနည်းထိန်းချုပ်နေရသည်။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now