Ep 4

439 52 2
                                    

" သောနူ "

ကျွန်တော်သင်တန်းရောက်ချိန်တိုင်းကြားနေကြအသံဖြစ်ပေမဲ့ဒီတစ်ခါတော့ခေါ်သံကအနည်းငယ်အက်ကွဲနေသည်။အသံလာရာဆီအကြည့်တွေပို့လိုက်တော့တွေ့လိုက်ရတာ Hoodie အထူကြီးအောက်မှာနစ်မြုပ်နေသည့် နီခီ။ဂျပန်ကောင်ကကျွန်တော့်ထက်အရပ်သာရှည်တာလူကပိန်ပိန်ပါးပါးရယ်။သူ့ပုံစံကအဝေးကမြင်နေရတာတောင်ဖြူဖျော့နေသယောင်ထင်ရသည်။ကျွန်တော့်ဆီလာနေသည့်သူ့ခြေလှမ်းတို့ကလည်းယိုင်နဲ့နေသလိုထင်ရပေမဲ့ခြေလှမ်းတို့ကတော့သွက်လက်နေဆဲ။

" မနေ့ကအိမ်ပြန်ရောက်ရဲ့လား "

" နေပါအုံမင်းကဘာဖြစ်နေတာလဲ၊
နေမကောင်းဘူးလား "

မျက်နှာတစ်ခုလုံးရဲနေသလိုဖြူစုပ်နေသည်။နေမကောင်းသည့်လက္ခဏာဖြစ်နေတာမို့သူ့နဖူးပေါ်ကျွန်တော်စမ်းသပ်ကြည့်သည့်အခါပူနွေးသောအထိအတွေ့ကိုရသည်။

" မင်းကိုယ်တွေပူနေတယ်၊
ဖျားနေတာသင်တန်းကိုဘာလို့လာတာလဲ "

" သောနူကိုမတွေ့ရရင်မနေနိုင်လို့ "

ဖျားသာဖျားနေတာမျက်နှာပိုးကတော့အသေ။ပြောင်စပ်စပ်နဲ့တကယ်ကိုကြည့်မရ။

" ဒီကောင်တော့ .. "

" အဟွတ် ဟွတ် "

" မင်အိမ်ပြန်နားလိုက်တာကောင်းမယ်နော် "

" ရပါတယ် ခဏနေသက်သာသွားလိမ့်မယ်၊
မနေ့ကသောနူတစ်ယောက်တည်းထွက်သွားတော့ကျွန်တော်ဘယ်ကိုလိုက်ရှာရမှန်းမသိဖြစ်သွားတာ "

" မ‌နေ့ကမင်းငါ့နောက်လိုက်လာခဲ့တာလား "

" ဟုတ်တယ် "

မ‌နေ့ကကျွန်တော့်ကို ကိုကိုလာခေါ်တဲ့အထိမိုးမရွာသေး။ခဏအကြာမှမိုးရွာချခြင်းဖြစ်သည်။ဒါဆိုဒီကောင်မိုးရေထဲကျွန်တော့်ကိုမတွေ့မချင်းရှာနေခဲ့တာလား။ဒီလိုကျတော့လည်းသနားမိသွားသည်။ဒီကောင်လေးကအရှုပ်ထုပ်လေးလို
လိုက်နှောင့်ယှက်တတ်ပေမဲ့ကျွန်တော့်အပေါ်တကယ်ကိုဂရုစိုက်ပြီးကောင်းပေးတဲ့သူတစ်ယောက်။

" လာ မင်းကိုငါဆေးခန်းလိုက်ပို့ပေးမယ် "

" ဟုတ် "

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now