Ep 5

398 49 1
                                    

အခုတလော ဆောငယ်သင်တန်းဆင်းချိန်တွေနောက်ကျလာတတ်သည်။ကျွန်တော်သင်တန်းရှေ့ရောက်တိုင်းသင်တန်းထဲမှထွက်လာတာမျိုးမဟုတ်ဘဲတစ်နေရာမှပြန်လာသည့်ပုံဖြင့်
တွေ့တွေ့နေရတတ်တာရက်ခြားလိုဖြစ်နေသည်။ထိုသို့တွေ့တိုင်းလည်းဆောငယ်ဘေးမှာကောင်လေးတစ်ယောက်ကိုပါအတူတွဲမြင်ရတတ်သည်။ဒီကောင်လေးသင်တန်းကိုသေချာမတက်ဘဲလျှောက်လည်တတ်နေပြီလား။

" ဘယ်ကပြန်လာတာလဲ ဆောငယ် "

ဒီနေ့လည်းတစ်နေရာမှပြန်လာခြင်းဖြစ်ပြီးဟိုကောင်လေးကိုနှုတ်ဆက်ကာကားပေါ်သို့တက်လာသည်။

" ခင်ဗျားအလုပ်ကိုပဲစိတ်ဝင်စားစမ်းပါ၊ကျွန်တော့်ကိုစိတ်ဝင်စားမနေနဲ့ "

ဆောငယ်ကျွန်တော့်ကိုစကားပြောတာရိုင်းစိုင်းလာသည်ဟုပါထင်ရသည်။ကျွန်တော်အလိုလိုက်ခဲ့တာတွေကဒီကောင်လေးကိုချစ်တဲ့စိတ်တစ်ခုတည်းသာ။သူ့ထက်အကြီးဖြစ်တဲ့ကျွန်တော့်အပေါ်ပြောချင်သလိုပြောရိုင်းချင်သလိုရိုင်းဖို့မှမဟုတ်ဘဲ။

" စကားပြောတာမရိုင်းနဲ့ ဆောငယ်၊ကိုယ်မင်းထက်အသက်ကြီးတယ်နော် "

" ဟမ့် ခင်ဗျားကဘယ်တော့မှကျွန်တော့်ကိုစိတ်မဝင်စားဘူးပဲ "

မျက်နှာလေးမဲ့ကာခပ်ရွဲ့ရွဲ့ပြောလာသည်။သူ့ကိုဂရုမစိုက်နိုင်လို့ကျွန်တော့်အပေါ်စိတ်ခုနေတာကိုနားလည်ပေမဲ့ဒီလိုတွေအရွဲ့တိုက်နေတာကိုတော့သဘောမကျ။ဟိုကောင်လေးနဲ့တွဲသွားတွဲလာလုပ်တာကိုသဘောမကျပေမဲ့ဒီကောင်လေးကိုချုပ်ခြယ်တာမျိုးတွေကိုလည်းကျွန်တော်မလုပ်ချင်။ယောက်ျားလေးတစ်ယောက်ဖြစ်တာမို့ယောက်ျားလေးသူငယ်ချင်းထားတာကိုကျွန်တော်မပိတ်ပင်လို။

" ဆောငယ် "

" ကျွန်တော်နားချင်ပြီ၊အိမ်ကိုမြန်မြန်မောင်းပေးပါ "

မျက်လုံးမှိတ်ကာကားကူရှင်ကိုမှီရင်းငြိမ်သက်သွားသူကိုကျွန်တော်ကြည့်ရင်းသက်ပြင်းသာချမိသည်။ကိုယ့်အချစ်တွေက ဆောငယ်အတွက်ဝန်ပိုတစ်ခုလိုများဖြစ်နေခဲ့ပြီလား၊လိုအပ်ချက်တွေများတဲ့အချစ်တစ်ခုကိုမလိုချင်တော့တာလား‌။ကိုယ့်ရင်ခွင်က ဆောငယ်အတွက်ငြီးငွေ့စရာဖြစ်နေပြီလား၊မရောရာတဲ့အတွေးတွေကကိုယ့်ကိုခြောက်လှန့်စပြုနေပြီ
ဆောငယ်။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now