Ep 6

429 49 0
                                    

မွေးနေ့ပွဲမှပြန်လာသည့်လမ်းတလျှောက် ကျွန်တော်အတွေးတွေထဲနစ်မျောနေဆဲ။ဘေးမှာ နီခီပါလာခြင်းကိုတောင်မေ့လု‌ မေ့ခင်အထိပင်။မွေးနေ့ရှင်သူငယ်ချင်းမလေး၏စကားကလည်းကျွန်တော့်နားထဲတဝဲလည်လည်။နီခီ့လိုလူကို ဆောနူ
မငြင်းသင့်ဘူးနော်တဲ့။တခြားသူငယ်ချင်းများကလည်းထိုစကားအားထောက်ခံပါကြောင်းတိုးတိုးတိတ်တိတ်လာပြောကြသေးသည်။

" သောနူ "

" ဟင် အင်းပြောလေ "

နီခီ့အသံကိုကြားခါမှကျွန်တော်အတွေးပင်လယ်ထဲနစ်မြောမိသည်မှပြန်သတိဝင်လာရသည်။

" ဒီနေ့ကျွန်တော်ဆိုခဲ့တဲ့သီချင်းက သောနူအတွက်ဆိုတာကိုသိတယ်မဟုတ်လား "

မျှော်လင့်ချက်မျက်ဝန်းများနှင့်ပြုံးယောင်သန်းနေသည့်နှုတ်ခမ်းတို့က ဒီကောင်လေးကျွန်တော့်အပေါ်ဘယ်လောက်ထိမျှော်လင့်ထားလဲဆိုတာကိုသိသာစေသည်။ထိုလေးနက်လွန်းသည့်မျှော်လင့်ချက်မျက်ဝန်းတို့ကကျွန်ဝောာ့်အတွက်ဝေခွဲရခက်စေသည့်လက်နက်တစ်ခုလို။လက်ခံလိုက်ဖို့ရာလည်းစိတ်ထဲသဘောမကျသလိုငြင်းဆန်လိုက်ဖို့ရာလည်းမစွမ်းသာသည့်အခြေအနေတစ်ခု။ကျွန်တော်သက်ပြင်းမောသာချရင်းဘာမှမတုံ့ပြန်ဖြစ်ခဲ့။အတွေးထဲဝင်လာသည့် ကိုကို့မျက်နှာက
နီခီ့ကိုလက်ခံ၍မရနိုင်ကြောင်းအထောက်အပံ့ပေးနသလို။ငါကိုယ်တိုင်လည်းမင်းကိုချစ်နေလားချစ်မနေဘူးလားဆိုတာကိုမဝေခွဲတတ်ဝောာ့ဘူး နီခီ။

" အရင်ကတည်းကသောနူအပါ်ကျွန်တော့်သဘောထားတွေကိုအတိအလင်းဖော်ပြခဲ့တာကိုလည်း သောနူသိမှာပါနော်၊
သောနူ ကျွန်တော့ကိုစဉ်းစားပေးမယ်မဟုတ်လားဟင်  "

တောက်တဲ့လေးတစ်ကောင်လိုတွယ်ကပ်ပြီးကျွန်တော့်ဘေးနားမှာတကောက်ကောက်လိုက်နေခဲ့သည်များကပြန်တွေးကြည့်ရင်ဒီကောင်လေးကျွန်တော့်အပါ်ထားသည့်သဘောထားကိုသိနိုင်ပါသည်။ကျွန်တော်သိပေမဲ့မသိဟန်ဆောင်ခဲ့ရခြင်းကလည်းဒီကောင်လေးကျွန်တော့်အပေါ်ခဏတာစိတ်ကစားခြင်းဖြစ်မည်ဟုတွေးထင်ခဲ့သည်ကြောင့်ပင်။ဒီအခြေအနေအထိရောက်လာခဲ့မယ်လို့လည်းမထင်ထားခဲ့။ဒီလောက်အထိ
ဒီကောင်လေးရဲ့စိတ်ဝင်စားမှုကလေးနက်မည်ဟုလည်းမထင်ထားခဲ့တာအမှန်ပါ။

ရင်ချင်းဆက်ချည်တဲ့ကြိုး (Completed )Where stories live. Discover now