Ep(1)

6.6K 343 4
                                    


* * * မျှော်လင့်ခြင်းမိဘမဲ့ဂေဟာ * * *

ကလေးတစ်ယောက်တွေ့ထားပါသည်ဟုဂေဟာဆီဖုန်းဝင်လာသည်နှင့်တာဝန်ရှိသူများကပျာပျာသလဲထွက်သွားကြလေသည်၊၊

အူဝဲ . . . အူဝဲ . . . အူဝဲ

လမ်းကအကောင်ပလောင်တွေကိုက်ခံထားရတာရယ်၊နို့ဆာလွန်းတာရယ်ကြောင့်ကလေးမှာအငိုမတိတ်နိုင်ရှာပေ၊၊

ဂေဟာရောက်တော့မှသေချာသန့်စင်ပြီးအနှီးလေးနဲ့ထုတ်ကာနို့ဘူးလေးပါးစပ်ထဲထည့်ပေးလိုက်တော့မှထိုကလေးမှာအိပ်သွားရှာတော့သည်၊၊

"Renebaebae....."

ထိုကလေးနားကပ်ကာမျက်တောင်မခတ်တမ်းကြည့်နေတဲ့၇နှစ်အရွယ်ကလေးမလေးကိုဂေဟာမှူးကခေါ်လိုက်လေသည်၊၊

"ညီမလေးကိုချစ်လား"

သူမကမဆိုင်းမတွပဲခေါင်းလေးညိမ့်ပြလေသည်၊၊

Renebaebaeဆိုတာကတော့သူမရဲ့nicknameလေးသာဖြစ်သည်၊၊နာမည်အရင်းရှိပေမယ့်လည်းအခေါ်နည်းလွန်းကြသည်၊၊

သူမ၃နှစ်သမီးမှာကားအက်ဆီဒင့်ဖြစ်ပြီးအုပ်ထိန်းသူမိဘနှစ်ပါးလုံးဆုံးပါးသွားတာကြောင့်ဂေဟာကိုရောက်လာခြင်းဖြစ်သည်၊၊

ပုံမှန်ဆိုအခေါ်အပြောနည်းပြီးချောင်တစ်ချောင်မှာကပ်နေတဲ့ကလေးမလေးကထိုကလေးကိုစိတ်ဝင်တစားဖြစ်နေလေသည်၊၊ကလေးတွေများကြီးရှိတဲ့ထဲမှာမှထိုကလေးကိုသာသူမကမျက်စိကျနေသည်၊၊

"ဟိုအမကြီးတွေလိုReneလည်း
ဒီဝက်ဝံလေးကိုထိန်းလို့ရမလားဟင်"

မိဘတွေမရှိတာကြောင့်အကြီးတွေကပဲအငယ်တွေကိုတစ်ဆင့်စီထိိိန်းကျောင်းစောင့်ရှောက်ရတာဟာထုံးစံတစ်ခုလိုပင်ဖြစ်သည်၊၊

"ဘယ်လိုဝက်ဝံဟုတ်လား"

သူမကပြုံးပြီးလက်ညှိုးလေးဖြင့်နီထွေးထွေးပါးလေးကိုညွှန်ပြရင်း
"ဝဝကစ်ကစ်လေးမို့
ဝက်ဝံလေးနဲ့တူတယ်လေ"

ထိုအပြုံးကတော့ဂေဟာရောက်တည်းကအပြုံးအရယ်မရှိတဲ့Reneအတွက်ပထမဆုံးအပြုံးပင်ဖြစ်သည်၊၊

"ဟုတ်ပါပြီ ဒါဆိုဒီပေါက်စလေးကိုဝက်ဝံပေါက်လေးလို့ခေါ်ကြမယ်လေနော်"

Stepmother Where stories live. Discover now