Ep(10)

2.3K 223 4
                                    


နေ့ရက်ပေါင်းများစွာကိုခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ပြီးနောက်ဆုံးလွတ်လပ်တဲ့နေ့ကိုဆူးလ်ဂီရောက်ရှိလာခဲ့ပြီ၊၊

ထောင်တံခါးဝရှေ့ရောက်တာနဲ့ဆူးလ်ဂီလည်းအသက်ကိုဝဝရှုလိုက်ပြီးနေရောင်ဖျော့ဖျော့တော့တော့ရှိတဲ့ကောင်းကင်ကိုလက်လေးကာကာကြည့်လိုက်လေသည်၊၊

"ဆူးလ်ဂီလေး !!!!"

ခေါ်သံလေးနဲ့အတူထွေးပွေ့လိုက်တာကြောင့်
ဆူးလ်ဂီလေးနွေးထွေးတဲ့ရင်ခွင်ငယ်လေးထဲရောက်လို့သွားလေသည်၊၊

"ပင်ပန်သွားပြီ . . . .
အမကလေးလေး,တော်တော်ပင်ပန်းသွားပြီ"

ဆူးလ်ဂီလည်းဆန်းမီကိုပြန်ပွေ့ဖက်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် အမ
အစစအရာရာအတွက်ကျေးဇူးအများကြီးတင်ပါတယ် "

ထိုစဥ်
"ဆူးလ်ဂီရေ . . .
ပဲပြားလေးအရင်စားလိုက်ပါဦး"

ဆူးလ်ဂီလည်းဘေးကဂျီဆူးတို့ကိုကြည့်လိုက်ပြီးဆန်းမီကိုဖက်ထားရာမှခွာလိုက်လေသည်၊၊

ထို့နောက်ဂျီဆူးကမ်းလာတဲ့ပဲပြားကိုပလုတ်ပလောင်းစားလိုက်လေသည်၊၊

ဂျန်နီဆီမှ
"နေ့ရက်သစ်တွေကကြိုဆိုပါတယ် ဆူးလ်ဂီရေ"

ထိုစကားကြောင့်အပြုံးအရယ်တွေပျောက်ဆုံးနေတဲ့ဆူးလ်ဂီတစ်ယောက်အားအင်သစ်တွေရကာပြုံးလိုက်လေသည်၊၊

ဆူးလ်ဂီလည်းသူငယ်ချင်းတွေကိုနှုတ်ဆက်ပြီးဆန်းမီနဲ့အတူမလှမ်းမကမ်းကဆန်းမီကားရှိရာဆီလျှောက်သွားလိုက်ကြလေသည်၊၊

ကားဆီကိုရောက်တော့ဆန်းမီကဆူးလ်ဂီတက်ဖို့ကားတံခါးလေးကိုအလိုက်တသိဖွင့်ပေးလေသည်၊၊

ထိုစဥ်နောက်မှ
"ဆူးလ် !!! "

ဆူးလ်ဂီလည်းသိပ်ကိုရင်းနှီးလှတဲ့ထိုအသံပိုင်ရှင်ကိုသိတာမို့ကားထဲသာအမြန်ဝင်လိုက်လေသည်၊၊ဆန်းမီကတော့နောက်ကိုတချက်ကြည့်လိုက်ပြီးကားတံခါးလေးကိုပိတ်ပေးလိုက်သည်၊၊

"တံခါးဖွင့်ပါဦး . . . ဆူးလ်ရယ်
တံခါးလေးဖွင့်ပေးပါဦး . . .
မမကိုအချိန်‌လေးနည်းနည်းလောက်ပေးပါ
နည်းနည်းဆိုရပါပြီ "

Stepmother Where stories live. Discover now