Ep(5)

2.1K 239 2
                                    

"Waitress အဖြစ်နဲ့မဟုတ်ဘဲ Managerအဖြစ်လုပ်ငန်းခွင်ပြန်ဝင်ရတဲ့ခံစားချက်ဘယ်လိုလဲ"

ဂျူဟွန်းလည်းလက်လေးကိုပိုက်လိုက်ပြီး
"တို့,ကိုစိတ်ဝင်စားသလိုသာ
မင်းစာ,ကိုစိတ်ဝင်စားရင်
အဆင့်တွေအတော်ကောင်းမှာပဲ"

ဆူးလ်ဂီကျွတ်တစ်ချက်သပ်လိုက်ပြီး
"ခင်ဗျားမဆိုင်တာတွေမပြောစမ်းနဲ့"

ဂျူဟွန်းတစ်ယောက်ဆူးလ်ဂီမျက်လုံးတွေကိုစေ့စေ့ကြည့်ရင်း
"ဘာလို့လဲ မင်းကကြောက်လို့လား"

ဆူးလ်ဂီလည်းကြောင်အမ်းအမ်းဖြင့်မေးခွန်းထုတ်လိုက်လေသည်၊၊

"ဘာကိုလဲ"

ဂျူဟွန်းတချက်ပြုံးပြီးမျက်ခုံးလေးကိုပင့်ကာ
"မင်းနေရာပျောက်သွားမှာကိုလေ"

ဒီတော့မှဆူးလ်ဂီသဘောပေါက်သွားပြီးပြုံးလိုက်ကာ
"အစတည်းကပြောပြီးသားလေ
ကျူပ်အတွက်အဲ့လောက်အရေးမကြီးပါဘူးလို့"

"ဒါဆိုမင်းအတွက်အရေးကြီးတာကဘာလဲ"

ဆူးလ်ဂီလည်းမဆိုင်းမတွဘဲ
"ချစ်ခြင်းမေတ္တာပေါ့"

ဂျူဟွန်းလည်းခေါင်းလေးကိုအသာခါရမ်းရင်း
"မင်းကအတော်စိတ်ကူးယဥ်တဲ့ကောင်မလေးပဲ"

"သြော် . . ကျူပ်ကစိတ်ကူးယဥ်တယ်တဲ့လား
ကျူပ်မှာလောကကြီးရဲ့အလှတရားတွေကို
ကောင်းကောင်းခံစားနိုင်တဲ့မျက်လုံးတွေရှိတယ်
သာယာငြိမ့်ညောင်းတဲ့သံစဥ်တွေကို
ကောင်းကောင်းခံစားနိုင်တဲ့နားတွေရှိတယ်
လေကောင်းလေသန့်တွေကို
ကောင်းကောင်းရှူရှိုက်နိုင်တဲ့နှာခေါင်းရှိတယ်
လိုရာကိုခရီးကို
ကောင်းကောင်းလျှောက်လှမ်းနိုင်တဲ့
ခြေထောက်တွေရှိတယ်
အလုပ်တွေကောင်းကောင်းလုပ်နိုင်တဲ့
လက်တွေရှိတယ်
ဘာလဲ ကျူပ်ပြောတာမှားနေလို့လား"

"အွန်း . . .
မင်းကတော်တော်အကောင်းမြင်တတ်တဲ့သူပဲ
ဒါပေမဲ့လောကကြီးကဒီလောက်ရိုးရှင်းမနေဘူးလေ"

"နေတတ်ရင်ပျော်စရာကြီးပါ"

ဂျူဟွန်းလည်းခေါင်းလေးညိမ့်ရင်း
"ဟုတ်ပါပြီ"

ထိုစဥ်လေပြေလေးတွေတိုးဝှေ့လာတာကြောင့််ဂျူဟွန်းတစ်ယောက်လေတိုက်ရာဘက်ကိုမျက်နှာမူပြီးမျက်နှာပေါ်ကျလာတဲ့ဆံနွယ်စလေးတွေကိုအသာဖယ်လိုက်လေသည်၊၊

Stepmother Where stories live. Discover now