Ep(7)

2K 226 2
                                    


ဆူးလ်ဂီတစ်ယောက်ကျောင်းတွေပိတ်ထားသည်မို့ဆန်းမီကုမ္ပဏီဆီသွားကာအချိန်ဖြန်းနေတတ်သည်၊၊

ဆူးလ်ဂီရဲ့အနွံတာကိုခံနိုင်တဲ့ဆန်းမီကလည်းအလုပ်တွေရှုပ်နေသည့်ကြားမှဆူးလ်ဂီအတွက်အချိန်ကိုမရမကပေးဖြစ်သည်၊၊

ဆူးလ်ဂီစီးကရက်ကိုလက်ချောင်းကြားညှပ်ကာမီးညှိဖို့ပြင်တော့ဆန်းမီကလည်းအလိုက်တသိမီးခြစ်လေးခြစ်ပေးလေသည်၊၊

ထိုအချက်တွေကြောင့်ဆူးလ်ဂီလည်းဆန်းမီကိုခင်တွယ်နေရသည်ဖြစ်သည်၊၊

ဆန်းမီကသူများတွေလိုဟိုဟာမလုပ်ရဒီဟာမလုပ်ရဆိုပြီးထိန်းချူပ်မနေတတ်ဘဲဆူးလ်ဂီစိတ်ကြိုက်ပေးလုပ်ပြီးလွန်ကဲလာမှနောက်ကနေအလိုက်သင့်လေးထိန်းတတ်သူဖြစ်သည်၊၊

"ဒီပုံစံအတိုင်းဆိုအန်ကယ်ကသူ့မိန်းမကိုဟိုတယ်ပိုင်ရှင်အဖြစ်ပေးတော့မယ့်ပုံပဲ ဆူးလ်ဂီလေးရေ"

ဆူးလ်ဂီလည်းဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီး
"ဘာလို့လဲ အမရဲ့"

ဆန်းမီကလည်းသူ့လက်ကဖုန်းကိုထိုးပြလေသည်၊၊

ဂျူဟွန်းရဲ့ရှယ်ယာတွေများလာတဲ့သတင်းကိုဖတ်ပြီးဆူးလ်ဂီလည်း
"အဲ့တာသူတို့ကိစ္စပဲလေ အမဆန်းမီ
ဒယ်ဒီတို့ဆူးလ်ကိုပြုစုစောင့်ရှောက်ခဲ့တာနဲ့တင်ကျေးဇူးတရားကကြီးမားနေပါပြီ
ဒါတွေကိုဆူးလ်,လောဘထပ်တ‌က်မသင့်ဘူးလေ"

"ဒါတွေကြောင့်အမကဆူးလ်ဂီလေးကိုချစ်နေရတာ"

ဆူးလ်ဂီ,လက်လေးနဲ့ကာရင်း
"ဟိုးထား . . .အမဆန်းမီ"

"ဘာလို့လဲ. .  .အမကကိုယ်ချစ်တဲ့သူကိုတောင်ချစ်တယ်လို့ပြောခွင့်တောင်မရှိတော့ဘူးလား"

ဆူးလ်ဂီလည်းနှုတ်ခမ်းထက်ကစီးကရက်ကိုလက်ချောင်းညှပ်လိုက်ပြီး
"အမကိုအားနာလို့ပါ
အမဘယ်လောက်ပဲကောင်းကောင်း
ဆူးလ်ရဲ့နှလုံးသားတွေကထပ်တူမကျပေးနိုင်လို့လေ"

ဆန်းမီဟာနာကျင်နေတဲ့မျက်ဝန်းတွေကိုအပြုံးတုဖြင့်ဖုံးကွယ်ရင်း
"ဒါဆိုလည်း . . .
အမစကားတွေပဲနားထောင်ပေးလေ"

Stepmother Where stories live. Discover now