Ep(8)

2K 228 5
                                    

ကော်ဖီဆိုင်ထဲတွင်ဆူးလ်ဂီတို့သူငယ်ချင်းသုံးယောက်Laptopနားမှာခေါင်းချင်းဆိုင်နေကြလေသည်၊၊

ဂျန်နီ ,ဆီမှ
"ဆူးလ်ဂီ . . .ဒီမှာနင့်နာမည်တွေ့ပြီ"

ထိုကြောင့်ဆူးလ်ဂီလည်းဂျန်နီလက်ညှိုးထောက်ပြတဲ့နားသို့ကြည့်လိုက်လေသည်၊၊မမျှော်လင့်ထားတဲ့အောင်မြင်မှုကြောင့်ဆူးလ်ဂီဝမ်းသာလုံးစို့ကာငြိမ်သက်နေလေသည်၊၊

ထိုစဥ်အလယ်မှဂျီဆူးကဆူးလ်ဂီနဲ့ဂျန်နီတို့ရဲ့ပခုံးလေးပေါ်လက်လေးတင်ကာဖက်လိုက်ပြီး
"ဒါဆိုငါတို့သုံးယောက်လုံးတူတူတက္ကသိုလ်တက်လို့ရပြီပေါ့"

ဂျန်နီလည်းလက်မထောင်ရင်းပြုံးကာ
"ဒါပေါ့"

ဆူးလ်ဂီလည်းသူငယ်ချင်းတွေရဲ့အပြုံးကိုအလိုက်သင့်လေးစီးမျှောလို့သွားလေသည်၊၊

ဆူးလ်ဂီ,ဂျီဆူးကိုကြည့်ကာ
"ဒါဆိုအလုပ်တွေဆက်လုပ်ကြမယ်လေ
ညကျရင်တော့စောစောလေးသိမ်းကြရင်မကောင်းဘူးလား"

ဂျီဆူးနဲ့ဂျန်နီလည်းခေါင်းလေးညိမ့်ကာသဘောတူလိုက်ပြီး
"ငါတို့လည်းခရစ်စမတ်နားနီးတော့အင်္ကျီလေးဘာလေးသွားဝယ်ချင်တာနဲ့အတော်ပဲ
နင်လည်းလိုက်ခဲ့လေ"

"တော်ပါ . . ငါ့ကိုဓာတ်ပုံတွေရိုက်ခိုင်းဖို့မလား"

ဂျန်နီတစ်ယောက်နှုတ်ခမ်းလေးဆူကာ
"နင်ကလည်း . . ဒါလေးကိုငြိုငြင်နေတယ်
နင်ရိုက်တဲ့ပုံတွေကပုံထွက်ကောင်းလို့ကို"

"အေးပါ . . လိုက်ဆိုလည်းလိုက်ပါ့မယ်
ဇွတ်မြှောက်မနေနဲ့တော့"

ဒါနဲ့ပဲညရောက်တော့ဆိုင်စောစောသိမ်းကြပြီးဆူးလ်ဂီကားလေးနဲ့ကုန်တိုက်သို့ထွက်လာကြလေသည်၊၊

ခရစ်စမတ်နားနီးပြီမို့ထုံးစံအတိုင်းရောင်စုံမီးလုံးလေးတွေသစ်ပင်တွေနဲ့အလှဆင်ထားကြလေသည်၊၊

ဆူးလ်ဂီငေးနေတုန်းမှာပဲဂျီဆူးနဲ့ဂျန်နီက
"ဆူးလ်ဂီရေ . . ငါတို့ကိုဟိုနားလေးမှာတစ်ပုံလောက်ရိုက်ပေးပါ"

ဆူးလ်ဂီလည်းသူတို့ကိုမျက်စောင်းလေးထိုးပြီးဖုန်းကကင်မရာလေးကိုသေချာချိန်ကာရိုက််ပေးလေသည်၊၊

Stepmother Where stories live. Discover now