Ep(6)

2.1K 233 1
                                    

ဆူးလ်ဂီတစ်ယောက်စတော်ဘယ်ရီသီးတွေအပြည့်ရှိနေတဲ့ခြင်းတွေမြင်တော့မျက်လုံးလေးပြူးကာmaidကိုလှမ်းမေးလိုက်လေသည်၊၊

"ဒီလောက်အများကြီးဘာလို့ဝယ်လာတာလဲ"

Maidကလည်း
"ကျွန်မဝယ်ထားတာမဟုတ်ပါဘူး မမလေး
သခင်မကြီးပို့ပေးလိုက်တာပါ"

"ဒါ . . . ငါ့ကိုသက်သက်ရွဲ့တာပဲ"

ဆူးလ်ဂီခေါင်းလေးခါကာရေရွတ်ပြီးစာမေးပွဲရှိတာမို့ဂျီဆူးတို့နဲ့အတူစာလုပ်ရန်စက်ဘီး‌လေးနဲ့ထွက်လာခဲ့လေသည်၊၊

-

"ဒီမှာ . .  .ငါကစာလုပ်ရမှာလား
နင်တို့နှစ်ယောက်ချစ်ကြည်နူးနေတာကိုထိုင်ကြည့်နေရမှာလား"

ဆူးလ်ဂီတစ်ယောက်သူမရှေ့မှာတစ်ယောက်နဲ့တစ်ယောက်အကြည်စိုက်ကြည်နူးနေတဲ့ဂျီဆူးနဲ့ဂျန်နီကိုလှမ်းပြောလိုက်လေသည်၊၊

ထိုသို့မှဂျီဆူးကဆူးလ်ဂီကိုသွား၃၂ချောင်းပေါ်အောင်ပြုံးပြရင်းဂျန်နီပခုံးလေးဖက်ကာ
"ငါတို့တွဲနေကြပြီ ဆူးလ်ဂီ"

ဆူးလ်ဂီလည်းမျက်စောင်းလေးထိုးပြီး
"ငါအဲ့လောက်မတုံးဘူး ဂျီဆူး
နင်မပြောလည်းသိတယ်"

ထိုစဥ်ဂျန်နီကလည်းဝင်ပြီး
"ဒါဆိုလည်းအနည်းဆုံးတော့ဂုဏ်ပြုပေးသင့်တယ်မလား ဆူးလ်ဂီ"

"သွားစမ်းပါ ဘာကိုဂုဏ်ပြုပေးရမှာလဲ
အဲ့တာကြောင့်မို့လို့ငါအတွဲတွေကိုမုန်းတာ"

"အေးပါ . . နင်ချစ်သူရလာတဲ့အခါကျရင်လည်းအဲ့လိုပဲပြောနိုင်ပါစေနော်"

ဂျီဆူးပြောရင်းဂျန်နီကိုပါအဖော်ဆက်လိုက်လေသည်၊၊ထို့ကြောင့်ဂျန်နီကလည်းခေါင်းလေးညိမ့်ပြလေသည်၊၊

ဆူးလ်ဂီကတော့ဘောပင်လေးကိုကိုက်ရင်း
"တော်စမ်းပါ . . .
အဲ့လိုပဲစာလုပ်မယ်ဆိုအနှောင့်အယှက်ကဝင်ပြီ
ပြန်လာခဲ့စမ်းပါ ငါ့ရဲ့စာလုပ်ချင်စိတ်လေးတွေ
လာခဲ့စမ်း . . .  လာခဲ့စမ်းပါ"

ဆူးလ်ဂီပြောရင်းသူ့ခေါင်းလေးသူလက်နဲ့ပုတ်နေလေသည်၊၊

ဂျီဆူးတို့နှစ်ယောက်ကတော့ဆူးလ်ဂီကိုကြည့်ကာခေါင်းလေးခါပြီးရယ်မောနေကြသည်၊၊

Stepmother Where stories live. Discover now