"ဆူးလ်ရောက်တယ် မာမီ"ဆူးလ်ဂီပြောပြီးအမေဖြစ်သူအုတ်ဂူလေးမှာပန်းစည်းလေးချပေးလိုက်လေသည်၊၊
"ဆူးလ် မာမီ့ကိုသိပ်လွမ်းတယ်
အချိန်ခရီးသွားသာသွားလို့ရရင်
မိဘမဲ့ဂေဟာမှာမာမီ,ဆူးလ်ကိုလာခေါ်တဲ့အချိန်ကိုပဲပြန်သွားချင်တယ်"ထို့နောက်အုတ်ဂူလေးရှေ့မှာထိုင်ချလိုက်ပြီလှလှပပထုတ်ပိုးထားတဲ့ဘူးထဲမှကိတ်မုန့်လေးကိုထုတ်ပြီးဖယောင်းတိုင်တွေစိုက်ကာမီးထွန်းလိုက်လေသည်။
"Happy Birthday Par Mommy
ဒယ်ဒီကတော့သိမယ့်ပုံလည်းမပေါ်ပါဘူး
သိလည်းလာမယ့်ရုပ်လည်းမဟုတ်ပါဘူး"ဆူးလ်ဂီလည်းအမေနဲ့အေးဆေးစကားတွေပြောပြီးညနေစောင်းမှအိမ်ကိုပြန်တော့လေသည်၊၊
"ကျောင်းပြေးပြီးဘယ်တွေလမ်းသလားနေတာလဲ ဆူးလ်ဂီ
ဒီလိုပုံစံနဲ့ဘယ်လိုလုပ်တက္ကသိုလ်တက်နိုင်မှာလဲ""ဒယ်ဒီဘယ်တုန်းက
မာမီနဲ့ဆူးလ်ဂီကိုစိတ်ဝင်စားဖူးလို့လဲ
ဒီနေ့ဘာနေ့လဲဆိုတာရောဒယ်ဒီသိရဲ့လား
တသက်လုံးဒယ်ဒီ့အလုပ်တွေနဲ့ဒယ်ဒီအပတ်လည်လို့လား
အခုလည်းနောက်မိန်းမကိုအိမ်ခေါ်တင်ပြီးပျော်နေတယ်မလား"ဆူးလ်ဂီရဲ့စကားတွေကြောင့်အဖေဖြစ်သူလည်းစားပွဲပေါ်ကဖန်ခွက်ကိုပစ်ခွဲလိုက်တော့သည်၊၊အပိုင်းပိုင်းကွဲထွက်သွားတဲ့ဖန်ကွဲစတစ်စဟာဆူးလ်ဂီပါးမို့မို့လေးကိုစင်သွားလို့လေသည်၊၊
ဂျူဟွန်းလည်းပါးစပ်အဟောင်းသားဖြင့်သွေးတွေထွက်နေတဲ့ဆူးလ်ဂီပါးပြင်ကိုစိုးရိမ်တကြီးငေးကြည့်နေမိသည်၊၊
ဆူးလ်ဂီကတော့မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပစ်ပြီးအပေါ်ထပ်သို့ပြေးတက်သွားလေသည်၊၊
အခန်းထဲရောက်တော့ဆူးလ်ဂီကုတင်ပေါ်ပစ်လှဲကာနဖူးပေါ်လက်တင်ပြီးငိုကြွေးနေမိတော့သည်၊၊
ဒေါက် . . . . ဒေါက်
ဂျူဟွန်းလည်းတံခါးလေးအသာခေါက်ပြီးဆေးသေတ္တာဘူးလေးကိုင်ကာအထဲသို့ဝင်လာလေသည်၊၊
အပေါ်မျက်နှာကျက်ကိုဖောက်ပြီးတွဲလောင်းကျနေတဲ့အခန်းအလယ်ကတစ်ယောက်စီးဒန်းကိုလက်နဲ့အသာဖယ်ပြီးကုတင်နားလျှောက်လာလိုက်သည်၊၊
YOU ARE READING
Stepmother
Fanfictionမိထွေးတွေကလူကောင်းမဟုတ်ဘူး ဒယ်ဒီ မိထွေးတိုင်းကလူကောင်းမဟုတ်ပေမဲ့ တို့,ကတော့လူဆိုးမဟုတ်ဘူး ဆူးလ်ဂီ