Extra

5.7K 417 35
                                    

Unicode

အချပ်ပို။ စိုးရိမ်လွန်သည့်မင်းသားဝမ်

ရှောင်းကျန့် နိုးလာချိန်တွင် ကိုယ်လက်များ ကိုက်ခဲနေသည်။ ယမန်နေ့ညက မင်းသားဝမ်က သူ့ကို အနည်းငယ်မျှပင် ညင်သာမပေးခဲ့ဘဲ ခံစားချက်များကို အကြိမ်ကြိမ်ဖွင့်ဟ၍ သူ့ကို ထပ်မထားသွားရန်အတွက် အခါခါ တောင်းဆိုခဲ့သည်။ ထိုအဖြစ်အပျက်များကို ပြန်တွေးမိသည့်အခါ ရှောင်းကျန့်၏ ပါးပြင်ထက်တွင် ပန်းရောင်လှိုင်းလေးများ ဖြတ်သန်းသွားလေသည်။ ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော တရားခံဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီးနောက် အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်းထ၍ ရေချိုးကန်ဆီ သွားရတော့သည်။ သူ့တစ်ကိုယ်လုံးစေးကပ်နေသောကြောင့် ရေချိုးမှဖြစ်မည်။ ချိုးရေက နွေးနေသည်မို့ ရေချိုးကန်ထဲ ဝင်စိမ်သည့်အခါ သိသိသာသာကို လန်းဆန်းသွားပါတော့သည်။ ရေချိုးကန်တွင် ဇိမ်ယူချိုးနေရင်း ရှောင်းကျန့်က လွန်ခဲ့သည့်နှစ်ရက် အဖြစ်အပျက်များကို ပြန်လည်တွေးတောမိသည်။

လွန်ခဲ့သောနှစ်ရက်က ဆေးရုံတွင် တစ်ပတ်ခန့်နေပြီးနောက်တွင် သက်သာလာသည့်ရှောင်းကျန့်က ဆေးရုံမှဆင်းလာခဲ့သည်။ မင်းသားဝမ်နှင့်ပက်သတ်သည့်အကြောင်းအရာများကို သတိမရခဲ့ပါသော်ငြား သူ၏ ထူးဆန်းသော အ​ခြေအနေအချို့ကိုတော့ သတိပြုမိခဲ့ပါသည်။ ယခင်က သူ crush ခဲ့သည့် အစ်မကြီးကို တိတ်တခိုးကြည့်လည်း သူ့ရင်ထဲမှာ မည်သို့မျှ မခံစားရတော့တာမျိုး၊ တစ်ယောက်တည်းနေနေကျသူက အဖော်မဲ့အထီးကျန်သလိုခံစားလာရတာမျိုး၊ သူ့ဘဝ၏ အရေးကြီးဆုံးအရာတစ်ခုကို မေ့လျော့ပျောက်ဆုံးခဲ့သလိုမျိုး ရှုပ်ထွေးသည့် ခံစားချက်မျိုးပေါ့။

နောက်တစ်ရက်တွင် ကြောင်နားရွက်နှင့် အမြီးပါသည့် ထူးဆန်းသော ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ ထိုကောင်လေးက သူ့ကိုယ်သူ system ဟု ပြန်လည်မိတ်ဆက်ခဲ့ပြီး ကမ္ဘာပြန်လည်ကူးပြောင်းချိန်တွင် ချို့ယွင်းချက်အချို့ဖြစ်ပေါ်သွားခဲ့သည့်အတွက်လည်း တောင်းပန်ခဲ့သည်။ ထိုအကြောင်းအရာကြောင့်ပဲ သူက အတိတ်မေ့သွားခဲ့ခြင်းဖြစ်သည်ဟုပါ သိခဲ့ရသည်။ ထို system ဆိုသည့်ကောင်လေးက သူ့ကို မှတ်ဉာဏ်ပြန်လည်ရစေရန် ကူညီခဲ့ပြီးနောက်တွင် သူမင်းသားဝမ်နှင့် ပက်သတ်သည့် အရာအားလုံးကို ပြန်လည်သတိရလာခဲ့သည်။ မင်းသားဝမ်ဟု ခေါ်စဉ်တိုင်း သူရှိကြောင်း တုံ့ပြန်တတ်သည့် မင်းသားဝမ်၏ ပုံရိပ်တွေ၊ မင်းသားဝမ်၏ မြတ်မြတ်နိုးနိုးအကြည့်တွေ၊ မင်းသားဝမ်၏ တုနှိုင်းမဲ့အကြင်နာတွေကို သူသတိရမြင်ယောင်လာခဲ့သည်။ တစ်ပြိုင်နက်တည်း ကျဆင်းလာသည့် မျက်ရည်များကို သုတ်မိသည့်အခါ မင်းသားဝမ်သာ သူ့အနားတွင် ရှိနေလျှင် ချော့မြှူမည်ဖြစ်ကြောင်း တပ်အပ်သိနေသည်မို့ သူ၏ နှလုံးသားက ပို၍ပင် နာကျင်လာခဲ့ရပါတော့သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now