အပိုင်း ⊰ ၈ ⊱

440 87 105
                                    

ဟိုဆော့အား ရင်ထဲရှိသမျှ စိတ်ရင်းအမှန်တွေကို ဖွင့်ဟပြီးနောက်မှာတော့ ပြောရဆိုရလက်ပေါက်ကပ်လွန်းသည့်သူဌေးမင်းလေး‌ဂျောင်ကုသည် အရင်နှင့်မတူ သိသိသာသာကို ပြောင်းလဲလာတော့သည်။

တစ်နေကုန်နေလို့ ဂျောင်ကုတွင် အလုပ်ဆိုလို့ ဆာမိကောက်လာသည့်အကြွေးတို့ကို စာရင်းနဲ့သေချာပြုစုရုံသာ။ အခုတွင်တော့ ထိုသို့မဟုတ်တော့။

ဟိုဆော့ ‌ရေချိုးလျှင်ချော်လဲမည်ဆိုး၍ အုတ်ကန်ကိုရေညှိမတင်အောင် သန့်ရှင်း‌လုပ်ရတာနဲ့၊ ခြံထဲလမ်းလျှောက်ရင် ဖုန်ထမည်ဆိုး၍ ညနေတိုင်း ရေဖြန်းပေးရတာနဲ့၊ နောက်ဆုံး ဟိုဆော့လျှော်ပြီးလှန်းထားခဲ့တဲ့အဝတ်တွေကို ဟိုဆော့ကျောင်းသွားချိန်တွင် အပြီးမီးပူထိုးရတာနဲ့ ဂျောင်ကုတစ်ယောက် တစ်နေ့တာအချိန်တွေကို အချစ်အတွက်ပေးဆပ်နေလေ၏။

ယခုတွင်လည်း သူနဲ့တစ်ဝိုင်းတည်းထမင်းလာစားသည့်ဟိုဆော့ကို ဂျောင်ကုမှာ ထမင်းပင်မစားနိုင်ပဲ အရိပ်တကြည့်ကြည့်နှင့်။ ဟင်းစားစေချင်တဲ့စေတနာတဲ့ အသားများတဲ့ငါးတုံးလေးကို ပန်းကန်ထဲထည့်ပေးတော့ သူ့ရဲ့နုရွလှတဲ့ အသည်းလေးကြွေသွားလုမတတ် သူ့ထံရောက်လာတဲ့ ဆရာလေး၏မျက်စောင်းလှလှ။

“ကျုပ် ငါးမကြိုက်ဘူး”

“ဘာလို့တုန်းဗျ။ ဒီလောက် အာဟာရဖြစ်တဲ့အစားအစာကို စားစမ်းပါ ဆရာလေးရယ်”

“မကြိုက်ပါဘူးဆိုဗျာ။ ခင်များဘာသာပဲ စားစမ်းပါ သူဌေးမင်းရယ်။ ကျုပ်ကို ထည့်ပေးမနေနဲ့”

ထမင်းပန်းကန်နှစ်ခုထဲ ခုန်ကူးနေသည့်ငါးတုံးကြောင့် ခေါင်းမဖော်တမ်းအပီလွေးနေသည့်ဆာမိပင် မျက်လုံးလှန်ကြည့်လာသည်။ မကြိုက်တာကို အတင်းကျွေးနေတဲ့ ကျုပ်သူဌေးက ဘာကြောင့်များ ဆရာလေးအပေါ် စေတနာတွေပို‌နေရတယ်မသိ။

“ဒါဆို ကျုပ်ကိုပေး။ ကျုပ်က ငါးဆို အမြီးရရ ခေါင်းရရကြိုက်တယ် ကျုပ်သူဌေးရဲ့”

ဆာမိက ဂျောင်ကုပန်းကန်ထဲမှငါးတုံးကို လှမ်းနှိုက်တော့ ဂျောင်ကုက ပန်းကန်လိုက်မပြီးနေရာရွှေ့သွားသည်။ ဆာမိကိုလည်း မျက်လုံးနဲ့အငြိမ်နေဖို့သတိပေးတော့မှ ဆာမိရဲ့လက်လေးက အောင့်သက်သက်နဲ့ တပ်ပြန်ဆုတ်သွားတော့သည်။

❛❛ချစ်သဝဏ်လွှာ❜❜ (REST)Donde viven las historias. Descúbrelo ahora