အပိုင်း ⊰ ၁ ⊱

1.8K 138 60
                                    

“မငှားနိုင်ဘူးဗျာ!”

ယတိပြတ်ပြောချလိုက်သော သူဌေးလေးဂျောင်ကု၏လေသံက မာဆတ်ဆတ်။

သူကြီးမင်းခမျာ မကျေမနပ်ဖြစ်သွားသော်လည်း အံကြိတ်ကာပြုံးနေရမြဲ။ တစ်ရွာလုံးတွင် ဂျစ်ကားပိုင်တာဆို၍ သူဌေး‌လေး တစ်ယောက်သာရှိသည်ကြောင့် ပျက်ချင်နေသည့်မျက်နှာအမူအရာကို ခက်ခက်ခဲခဲထိန်းချုပ်ထားရသည်။

“သူဌေးလေးရယ်၊ ဒီတစ်ခါတော့ ကူညီပါ။ ဘူတာရုံကဝေးတော့ သူဌေးလေးရဲ့ဂျစ်ကားနဲ့ဆိုပိုပြီးသွားရလာရအဆင်ပြေလို့ပါ”

ကိုယ့်ထယ်ငယ်ရွယ်တာကတစ်ကြောင်း၊ စကားပြောရင် တအားလက်ပေါက်ကပ်လှတဲ့ သူဌေးလေးကို ခယပြောဆိုရသည်မှာ သူကြီးတစ်‌ယောက် အခါခါပင်သေချင်စိတ်ပေါက်နေသည်။ ရွာကို ပညာဒါနပြုပေးမယ့် ဆရာလေးကို သူတို့ဘက်က ဧည့်ဝတ်ကျေပွန်ချင်၍သာ ဇီဇာကြောင်၊ကပ်စီးကုပ်လွန်းသည့်သူဌေးလေးထံမှာ ရှိခိုးမတတ်‌တောင်းဆိုနေရခြင်းပင်။

“ကျုပ်က ဘူးဆိုဖရုံမသီးဘူးဗျာ။ ဟိုတစ်ခါလည်း ကျုပ်က စိတ်ကောင်းလေးဝင်ပြီးငှားလိုက်တာကို ကားကိုဂျုန်းဂျုန်းကျအောင် မောင်းလာကြတာမလား။ တော်ပြီ...ဒီတစ်ခါတော့ လုံးဝမပေးနိုင်ဘူး”

မပြောင်းမလဲ အငြင်းစကားကိုသာကြားရသည်ကြောင့် သူကြီးခေါင်းကုတ်နေရသည်။ ရွာကကာလသားတွေကလည်း သူတို့အလျောက်ပင်။ အခွင့်အရေးလေးရတုန်းက သူဌေးလေးရဲ့ဂျစ်ကားကို အထူးကိုမောင်းနှင်းလိုက်တာ ပြန်ရောက်လာတော့ ဘီးတောင်ပြုတ်ချင်လျက် ယဲ့တဲ့တဲ့ဖြစ်နေသည်။ အဲ့ကတည်းက နဂိုဂျစ်ကားကိုအထိမခံဖြစ်သည့်သူဌေးလေးက သူ့ဂျစ်ကားကို ရွာထဲတောင်ထုတ်မမောင်းတော့ချေ။ မြို့သွားရင်တောင် ဖင်အနာခံပြီး လှည်းနဲ့သာသွားရှာသည်။

“အဲ့တုန်းကကိစ္စအတွက်လည်း အဘကပဲထပ်ပြီးတောင်းပန်ပါတယ်။ အခုက ရပ်ရေး၊ရွာရေးကိစ္စမို့လို့ပါ။ ရွာကခလေးတွေကို တကူးတက ပညာဒါနလာပြုပေးမယ့်ဆရာလေးကို အဘတို့က ဖြစ်သလိုမထားချင်လို့ပါ သူဌေးလေးရယ်။ ဒီတစ်ခါပဲ ကူညီပါ”

“စာလည်း အလကားလာသင်တာပဲဗျာ။ ဒီလောက်စေတနာကောင်းတဲ့လူကို ဘူတာရုံနဲ့ဒီအထိတော့ ဖင်အနာခံပြီးလှည်းစီးခိုင်းလိုက်ပေါ့။ ဘာခက်တာမှတ်လို့”

❛❛ချစ်သဝဏ်လွှာ❜❜ (REST)Tempat cerita menjadi hidup. Temukan sekarang