Zawgyi
"ဒါကမင်းညီမလေး....Choi Jeongmi....အခုတော့ Kim Jeongmiပေါ့....Daddyတို့မွေးစားမှာမို့လို့...."
အိမ်တော်ကြီးရဲ့ရှေ့ဟာ တိတ်ဆိတ်လျက်ရှိသည်။ စူးစမ်းသလို နေရာအနှံ့က မျက်လုံးပေါင်းများစွာနှင့် အမျိုးသမီးတစ်ယောက်မှာလည်း လှောင်ရယ်မှုအပြည့်နဲ့ မျက်ဝန်းတွေ။ မြက်ပင်ရှည်ကြီးတွေကို လက်နဲ့ပုတ်ကစားကာ ပေစောင်းစောင်း ကြည့်နေမိတဲ့ ဆယ်နှစ်အရွယ် ကလေးလေးကို မျက်လုံးဝိုင်းလေးတစ်စုံက မော့ကြည့်နေခဲ့သည်။ ဖြူစင်မှုအပြည့်နဲ့ ညိုလဲ့လဲ့မျက်ဝန်းလေးတွေကို သူကတော့ ခပ်ထန်စွာ ရှောင်လွဲရင်း။
"Choi JeongmiကChoi Jeongmi ပဲပေါ့....သူ့အမေနာမည်က Choi Naeunမဟုတ်လား...ဖေဖေ့မယားငယ်လေ...."
ဖြောင်း!!
သွေးကြောမျှင်လေးတွေ ပေါ်တဲ့ ကလေးငယ်ရဲ့ပါးပြင်ဖြူအုအုသည် ချက်ချင်းနီရဲ၍ လက်ဝါးရာ အထင်းသား။ ကျောက်စရစ်ခဲတွေပေါ် လဲကျသွားတဲ့ လက်ဖြူဖြူလေးတွေမှာ သွေးစတချို့က အကျည်းတန်စွာ။ မျက်ရည်စတို့က အလုအယက် ပြေးဆင်းလာပြီး အမြင်အာရုံတွေဝေဝါး၍ အကြားအာရုံတွေကတော့ ပြတ်ပြတ်သားသား။ Mommyရဲ့ အော်ဟစ်သံတွေကြားက Daddyစကားက။
"အရိုင်းအစိုင်းကောင်!!!"
"အရိုင်းအစိုင်းကောင်!!!"
"အရိုင်းအစိုင်းကောင်!!!"
"အရိုင်းအစိုင်းကောင်!!!"
"အရိုင်းအစိုင်းကောင်!!!"
"ဟင်းးးး!!!!"
နားသယ်စပ်နဲ့ လည်ပင်းတစ်ဝိုက်က စိုရွဲနေတဲ့ ချွေးစက်တွေဟာ နှင်းတဖြိုက်ဖြိုက်ကျနေတဲ့ ဆောင်းရာသီရဲ့ ညလယ်မှာ။ ခါးသက်သက် အဖြစ်အပျက်တွေကို အိမ်မက်အဖြစ် မြင်ယောင်နေသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလုံးကတည်းက။ မီးရောင်မရှိသော လရောင်ဖြာကျနေတဲ့ အခန်းကျယ်ကြီးတစ်ခုလုံးကို မျက်စိကစားကာ နွေးထွေးမှုမဲ့တဲ့ ဘဝအကြောင်းကို အမှတ်မရှိပြန်တွေးမိပြန်သည်။
ဒီအချိန်ဆို Daddyအိမ်မှာရှိမည်မဟုတ်။ Hotelတစ်ခုခုရဲ့ VIP roomထဲမှာ မိန်းမတစ်ယောက်ယောက်နဲ့အတူရှိနေလိမ့်မည်။ တစ်ယောက်ထက်လည်း ပိုရင်ပိုလိမ့်မည်။
YOU ARE READING
NON.PROTAGONIST✔︎