Determination

180 28 9
                                    

ဆွဲထုတ်ခံလိုက်ရတာက လေသံတစ်ချက်ထွက်ဖို့တောင် မတတ်နိုင်လိုက်ပဲ တံခါးကပြန်ပိတ်သွားခဲ့ပြီဖြစ်သည်။
နောက်ကျောမှီကာ ခန္ဓာကိုယ်ဟာ ထိုင်ရက်သားကျသွားပြီး နောက်ဆုံးစီးကျလာတဲ့မျက်ရည်ကို ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။
လူသွားလူလာနည်းတဲ့အချိန်မို့ ဒူးနှစ်ဖက်ကိုဖက်ထားတဲ့ပုံနဲ့ သူ့မျက်လုံးတွေက ကယောင်ခြောက်ခြား။

အတွေးလွန်ရခြင်းမှာ ကိုကို့ကို လုပ်လိုက်မိတာမှားသွားပြီထင်နေသောကြောင့်ပင်။
ဒီလိုဆို လုံးဝသွားပြီ။
ကာကွယ်တာမဟုတ်ဘဲ အရင်အခြေအနေကိုပြန်ဆွဲချသလိုဖြစ်သွားပြီ။
စိမ်းကားမှုတွေကို ပြန်ခေါ်လိုက်သလို။

နောက်ဆုံးမျက်ရည်လို့သာပြောခဲ့ပေမဲ့ ရှိုက်ကြီးတငင် ငိုမိရပြန်ပြီ။

𝐍𝐎𝐍.𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓

"အ့!"

အခန်းတံခါးနှင့်ပြေးတိုက်သွားတဲ့ ပုခုံးတစ်ဖက်က ထုံပြီးနာလာသည်။
လက်နှင့်ဖိကာ ညည်းတွားနေတုန်း သူမမြင်ဖူးသောအကြည့်မျိုးနှင့်ကြည့်နေသောသူက နောက်တစ်ကြိမ် လက်မောင်းနှစ်ဖက်ကနေ ဆောင့်ဆွဲပြန်၏။

"မောင်! နာတယ်လို့!"

"ငါနာတာမဟုတ်ဘူး!!"

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ဒေါသတကြီးလေသံကြောင့် သူ့မျက်လုံးတွေသေချာပေါက်နီရဲသွားပါလိမ့်မည်။
မျက်နှာကိုမော့ကြည့်ကာ အတင်းရုန်းနေလည်း လက်သည်းတွေဟာ အသားကြားထဲစိုက်ဝင်လာမတတ် နာကျင်ရသည်။

အထင်လွဲသွားရအောင်လည်း Jeongmiက စတာ!
သူဘာဆိုဘာမှလိုက်မမှီလိုက်တာကို ဘာလို့ပြဿနာရှာနေရတာလဲ!

"အဲ့လိုမဟုတ်ဘူး...သူက..."

"ဘာလို့နမ်းတာလဲ!"

"မောင်..."

"ဘာလို့နမ်းတာလဲ! နမ်းရတဲ့အကြောင်းအရင်းကိုပဲ သိချင်တာ!"

မောင်သည် မျက်လုံးတွေချင်းဆုံကြည့်ပြီး အသားတွေတုန်သည်အထိ ဒေါသထွက်နေ၏။
Choi Jeongmiက စနမ်းလိုက်တာကိုလည်းမြင်ပေမဲ့ ပြဿနာရှာနေတာလို့ ထင်ရသည့်ဒီကိစ္စကိုလည်း Seokjin ဘက်ကမငြင်းခဲ့လို့ရယ်မဟုတ်ပါ။
ဒါကို မောင်သည်သာ သိလိမ့်မည်။

NON.PROTAGONIST✔︎Where stories live. Discover now