ပထမဆုံးအနေနဲ့ အဆုံးထိ ရှိပေးလို့ ချစ်တယ် အများကြီး💛
လိုအပ်ချက်တွေ အဆမတန်များခဲ့တာအတွက်လည်း စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဘဝရဲ့ အချိန်တစ်ခုမှာ တစ်စုံတစ်ယောက်ကိုချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။
Luv u Luv u🍁
𝐍𝐎𝐍.𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓
ပြတင်းပေါက်မှန်တွေကနေ စီးကျနေတဲ့မိုးရေစီးကြောင်းတွေကို မကျေနပ်စွာကျလာသော မျက်ရည်တွေနှင့်အတူ ကြည့်နေသည်။
အဆုံးသတ်လို့ ဆိုရလောက်အောင် သူတို့မကာကွယ်ခဲ့နိုင်သော ပက်သက်မှုတွေကြောင့် Namjoonဖြစ်တည်မှုလည်း လူကြားထဲမှာ ရစရာမရှိတော့။"Hoseokပြောတာ မှန်သားပဲ...."
အစအဆုံးမရှိ ပြောလာတဲ့စကားကြောင့် ထိုင်နေတဲ့ Hoseok သူ့ကိုမော့ကြည့်သည်။
"နာမည်တစ်လုံးပျက်သွားရင် ဆယ်ခါပြန်ကြာအောင် ပြန်ဆယ်ယူရမှာ..."
ကြိုးစားခဲ့သမျှဟာ အခုတော့ဒီလိုအဆိပ်ဖြစ်သွားလေပြီ။
အပြင်ထွက်ရင် ပတ်ဝန်းကျင် တစ်ခုလုံးရဲ့မျက်လုံးပေါင်းများစွာဟာ သူ့ကိုလိုက်ကြည့်နေကြသည်။
မကြားကြားအောင် သရော်ကြတဲ့စကားတွေအပြင် ကွယ်ရာက အတင်းအဖျင်းတွေကိုပါ အကုန်သိနေသည့်လူ အနေဖြင့် ထိုကိစ္စတွေအကုန်လုံးဟာ အမှန်ဖြစ်နေလို့ ဘာကိုမှ သူမဖြေရှင်းချင်။
အဲ့တာတွေကို စိတ်ထဲမထားနိုင်အောင် အတွင်းစိတ်အမှန်မှာက အခုထိသတိမရလာသေးသူအတွက် စိုးရိမ်မှုတွေသာ ပြည့်ကျပ်နေသဖြင့်။"အဲ့တာကြောင့် ဘယ်နာမည်ကိုမှ ပြန်မဆယ်တော့ဘူး...ပျက်ပါစေ..."
"ငါတို့ကို လုံးဝဂရုမစိုက်တဲ့သဘောလား..."
"မမတို့ ကျွန်တော့်ကိစ္စကို လိုတာထက်ပိုပြီး ဝင်ပါနေတာ များပြီလေ...."
မကျေနပ်သဖြင့်ကြည့်သောအကြည့်နှင့် ခေါင်းငြိမ့်ကာ စိတ်လျော့လိုက်တဲ့အပြုအမူကို သူခပ်ပြုံးပြုံးငေးကြည့်သည်။
ဘာမှဝင်မပြောတော့ဘူး ဆိုသည့်သဘော။
အံဆွဲထဲက အသိသက်သေနေရာမှာသာ လက်မှတ်တွေရှိနေပြီးသော ကွာရှင်းစာချုပ်ကိုထုတ်ကြည့်နေရာက ပြန်ထည့်ပြီး အခန်းထောင့်ကအရိပ်ငယ်ကို လှမ်းမြင်ရသည်။
အကို...။
YOU ARE READING
NON.PROTAGONIST✔︎