ဒါတွေဟာ အိမ်မက်ပဲ ဖြစ်မယ်။ ချစ်ခြင်းမေတ္တာရဲ့ အသွားအပြန်မဲ့ အိမ်မက်တွေပေါ့။
𝐍𝐎𝐍.𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓
သံစဥ်တွေကြားမှာ အချိန်ကုန်မှန်းမသိ ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ။
ရှိနေဆဲ ခံစားချက်တွေပင် ပျောက်ဆုံးလုနီးနီး ထိုးနှက်ခံခဲ့ရတာတွေ။အချစ်ဆိုတာကို ဘာမှန်းတောင်မသိခဲ့တဲ့ သူမဟုတ်သလို ဦးနှောက်နဲ့နှလုံးသားကို လွဲချော်ပြီး ဆုံးဖြတ်မိခဲ့တဲ့ ကိစ္စစီက စူးစူးနင့်နင့်နောင်တတွေ။
မြန်ဆန်စွာဖြစ်သွားတဲ့ ကိစ္စတွေဟာ မှန်နေရဲ့လား။ တားမရဆီးမရ ခံစားချက်တွေကလေ။
ဝေခွဲမရဖြစ်လွန်းလို့ ရူးတော့မည်ထင်သည်။
"မောင်...."
ကျောပြင်ကိုကပ်လျက် ထွက်လာတဲ့အသံလေးကြောင့် ခါးပေါ်ကလက်လေးတွေကို အုပ်ကိုင်လိုက်သည်။
အကို့ကို သစ္စာဖောက်မိနေပြီမှန်း သိသော်လည်း ကလေးငယ်၏ မာယာတွေ၊ အချစ်တွေကြား ရုန်းမထွက်နိုင်။
အကိုတောင်မပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေကိုပေးနေတဲ့ တစ်ယောက်တည်းသော ထုတ်မပြနိုင်တဲ့ ပထမဆုံးအချစ်ဖြစ်သောကြောင့်။
"သက်သာရဲ့လား...."
နဖူးလေးကိုလှည့်နမ်းကာ မျက်နှာချင်းဆိုင်လိုက်ချိန်တွင် ကလေးငယ်က ရင်ခွင်ထဲခေါင်းတိုးဝင်၍ ချစ်ဖို့ကောင်းအောင် ချွဲနေသည်။ ဒီလိုပဲဖြစ်သင့်တာမဟုတ်လား။ သူ့အိမ်ထောင်ရေး၊ အချစ်ရေးက ဒီလိုပဲ ဖြစ်နေသင့်တာ။
"ကျွန်တော် အိမ်မပြန်ချင်ဘူး...."
"မသက်သာဘူးထင်တယ်....ကိုယ် ဘာလုပ်ပေးရမလဲ....ဆေးထပ်သောက်မလား ကလေးလေး...."
"ရတယ်....မသောက်ချင်ဘူး...."
ထမင်းစား စားပွဲကခုံမှာ သူ့ကိုကျောပေးကာ ထိုင်ပြီး ငြိမ်သွားသည်။ ကောက်သွားပြန်ပြီလေ။
24နာရီတောင်မပြည့်သေးသော အချိန်တိုလေးမှာ အများကြီးပြောင်းလဲသွားသလိုပါပဲ။ အိမ်ထောင်ရှိနေရက်နဲ့ ဖောက်ပြန်တဲ့သူ။ ပြီးတော့ လူပျိုလူလွတ်တစ်ယောက်ကိုပါ ဖျက်စီးမိပြန်တယ်။ အကုန်လုံးက သူ့အပြစ်တွေလိုသာ ဖြစ်နေခဲ့ပြီ။
YOU ARE READING
NON.PROTAGONIST✔︎