They don't know about us (Extra)

253 31 2
                                    

Unicode

မနက် 5နာရီ47မိနစ်။
ပြာပြာသလဲနိုးလာပြီးတာနဲ့ နှိုးစက်နာရီကိုပိတ်ကာ အမြန်ထလိုက်သည်။
ခန်းဆီးစတွေကိုဆွဲဖွင့်လိုက်တာနဲ့ မျက်လုံးတွေစူးသွားစေလောက်အောင် လင်းထိန်ဝင်လာတဲ့နေရောင်က နွေလလယ်တွေစီရောက်လာခြင်းမည်တဲ့ အချိန်ကာလတစ်ခုအကြောင်း သက်သေတည်၏။
နှစ်နှစ်ကျော်ပြီဖြစ်သည်။

ဒီနှစ်တွေထဲ ဘာမှသိပ်ပြောင်းလဲလိုက်တာမရှိပဲ နေ့ရက်တိုင်းဟာပုံမှန်သာကုန်ဆုံးနေလို့ စိတ်ထဲတောင်ဘာမှတွေးစရာသိပ်မရှိပါ။
သူအပိုင်စားရထားတဲ့ ကွန်ဒိုမှာ ပြောင်းနေလာကြတဲ့ ဒီတစ်လကပဲ နည်းနည်းအလုပ်ရှုပ်ရသလိုရှိပါသည်။
တခြားတော့မဟုတ်ပါဘူး။
နေရာအပြောင်းအလဲမို့ ပြန်ပြင်ဆင်ရတာတွေနဲ့။
အရင်အိမ်ကလည်း အဆင်ပြေပေမဲ့ ဆော့ဂျင်သူ့ကွန်ဒိုကိုလည်း ပစ်မထားချင်တာမို့ ဒီလိုပြောင်းနေဖို့အကြံပေးခဲ့ပြီး မောင်ကလည်းလက်ခံခဲ့တာ ဖြစ်သည်။
လတစ်ဝက်ကျော်သွားပြီမို့ အခုတော့အေးအေးဆေးဆေး သက်တောင့်သက်သာနှင့်ပင်။
အဲ့ဒီတော့ ဒီနေ့လည်းလုပ်စရာရှိတာလုပ်ပြီး ကုန်ဆုံးရမည်။
အတွေးလွန်နေလို့မဖြစ်။
ဒီနေ့ရဲ့လုပ်စရာက အရေးကြီးသည်လေ။

"အဟမ့်"

ညဝတ်အင်္ကျီချွတ်ဖို့ပြင်နေစဥ်တွင် အနောက်ကကြားလိုက်ရသောအသံကြောင့် လုပ်လတ်စတွေခဏရပ်ကာ ပြုံးစစလှည့်ကြည့်လိုက်သည်။
အိပ်ရေးမဝသေးသလို ခပ်လျော့လျော့ ထိုင်နေပေမဲ့ သူ့ကိုကြည့်နေတဲ့မျက်ဝန်းပြာတွေကတော့ အချိန်တိုင်းမှာတောက်ပလျက်။
ကုတင်ဘေးမှာသွားရပ်လိုက်တာနဲ့ ခါးကိုဆွဲဖက်ကာ ကလေးလိုမျိုးမှီ၍ တစ်ချက်နမ်းလာသည်။
သေချာငုံ့ကြည့်မှ မျက်လုံးတွေထပ်မှိတ်သွားတာသိရပြီးနောက်တွင် မောင့်ရဲ့ခပ်တိုတိုဆံပင်တွေကို ဆွဲဖွပြီး ဆော့ဂျင်ရယ်မောရ၏။

"Morning မောင်..."

"အင်း...Morning ကလေး..."

အဲ့ဒီနာမ်စားကအခုတော့ သိပ်ဟုတ်တော့သည်မထင်။
အရင်လို ခပ်ဆိုးဆိုး လူငယ်လေးမှမဟုတ်တော့တာ။
လက်သူကြွယ်ပေါ်က ဆင်တူလက်စွပ်တွေရဲ့ တောက်ပမှုတွေနဲ့။
နံရံပေါ်က ဓာတ်ပုံရဲ့အရိပ်က အမြဲတမ်းအသိပေးနေတဲ့စကားအရ။
သူက မောင့်ရဲ့ခင်ပွန်းဖြစ်နေပြီ။

NON.PROTAGONIST✔︎Where stories live. Discover now