After the Divorce

173 25 2
                                    

"အေးဟယ်...သူ့ပုံစံက ချစ်လွန်းလို့တောင် ဘာကိုမှဂရုမစိုက်ပဲ လက်ထပ်ထားသလိုလိုနဲ့..."

"အဟင်း...အရမ်းချစ်တတ်သွားလို့နေမှာပေါ့ဟာ..."

ငုံ့ထားတဲ့ခေါင်းကြောင့် နှုတ်ခမ်းတွေတုန်နေတဲ့သူ့ပုံစံကို ဘယ်သူမှသတိမထားမိကြပေမဲ့ receptionက ဝန်ထမ်းကောင်မလေးတွေရဲ့စကားတွေကိုကြားပြီး စိတ်တွေမထိန်းတော့နိုင်လောက်အောင် တောက်လောင်နေသည်။
ခဏခဏ လင်းလင်းလာတဲ့ ဖုန်းscreenမှာ မောင်ဆိုတဲ့ contactသာပေါ်နေပြီး စကားပြောရမှာထက်အရေးကြီးတဲ့ကိစ္စကြောင့် စက်ပိတ်ထားလိုက်သည်။
ဥက္ကဌရဲ့သားဖြစ်လို့ ရှိန်ဟန့်ရတဲ့အာဏာက သူတို့ရှေ့သွားရပ်လိုက်တာနဲ့ ရယ်နေတဲ့ပါးစပ်တွေချက်ချင်းပိတ်သွားကြ၏။

"Meetingက ဘယ်အချိန်ပြီးမှာလဲ..."

"အာ...ကျွန်မလည်း အတိအကျမပြောတတ်ပေမဲ့ နောက်မိနစ်သုံးဆယ်လောက်ထပ်စောင့်ရဦးမယ်ထင်ပါတယ် အကိုလေး...ဒီmeetingက အရေးကြီးဆိုတော့..."

"ငါ သူ့အခန်းထဲကသွားစောင့်မယ်...Meetingပြီးတာနဲ့ ငါကတွေ့ချင်တယ်လို့ပြောလိုက်!"

Companyကိုခြေဦးမလှည့်ခဲ့တာ တော်တော်ကိုမှကြာပြီမို့ အကုန်လုံးက အထူးအဆန်းကြည့်နေကြသည်။
Mommyဆုံးပြီးသိပ်မကြာခင် သားဖြစ်တဲ့သူ့ထက်တောင် သုံးနှစ်ငယ်တဲ့မိန်းကလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်လို့ အရင်ကလို Daddyရုံးခန်းမှာ ဘယ်မိန်းမကိုမှတွေ့ရတော့မည်မထင်။
နောက်အချိန်တွေဆို ကလေးငိုသံတွေပါ ကြားနေရတော့မည့် အိမ်ဘက်ကိုတောင် တစ်သက်လုံးသွားဖြစ်တော့မှာမဟုတ်တဲ့အထိ။

ဒီမိသားစုနဲ့ပက်သက်တဲ့ ရေစက်မှန်သမျှ အကုန်ဖြတ်တော့မည်လို့ စိတ်ကူးထားပေမဲ့ မဖြစ်မနေကိုပတ်သက်ရဦးမည့်ကိစ္စတွေ နွယ်လာပြန်တော့ သူကပဲ Daddyနဲ့ရှင်းစရာတွေ ရှင်းရဦးမည်ပဲ။

တစ်ညလုံးမအိပ်ထားရတဲ့ သောကတွေနဲ့မို့ ခြေပစ်လက်ပစ် လဲကျသွားချင်လောက်အောင် လူကနုံ့ချိနေလေပြီ။
ဖုန်းတစ်ချက်မဖွင့်ရဲ၊ တစ်ဦးတစ်ယောက်နဲ့မှ စကားတွေမပြောရဲလောက်အောင် ဂျယ်ဂျူကိုအတူသွားတုန်းက paparazzi တစ်ယောက် ရည်ရွယ်ချက်ရှိရှိ ရိုက်ထားသည်ထင်ရသော မောင့်ဘက်ကပဲ မြင်ရသည့်(မောင့်မျက်နှာပဲပါသည့်)ပုံနဲ့သတင်းဟာ တော်တော်ကိုပျံ့နေလေပြီလေ။

NON.PROTAGONIST✔︎Where stories live. Discover now