Tripartite. . .

190 34 7
                                        

နွေးထွေးစွာ အခန်းထဲဖြာကျနေသော နေရောင်ရှေ့မှာ လက်ဖဝါးတစ်ဖက် ဖြန့်ကာ ကောင်းကင်က ကံကောင်းခြင်းတွေကျလာလေမလားဆိုတဲ့ အတွေးနဲ့ ခံယူသည်။
ဘာမှလုပ်မပေးနိုင်တဲ့ အရှုံးသမားလိုဖြစ်နေတဲ့ ခံစားချက်ကြီးကိုမုန်းလည်း မောင်ကဘာမှ မလုပ်ခိုင်းသည်ပဲ။
အကုန်လုံးကိုဖြေရှင်းပေးမယ့်သူကို ယုံကြည်ပေမဲ့ သိပ်အားနာသည်။
နှစ်ရက်လုံးလုံး အိပ်ချိန်ပြည့်ပြည့်ဝဝ မရရှိခြင်းကြောင့် မျက်ကွင်းတွေလည်းရုတ်ချည်းကို ညိုကျသွားသည်။

ဒါတွေပြီးသွားရင်ရော?
လူတွေကမောင့်ကိုအပြစ်တင်ကြလိမ့်မှာ။
သစ္စာမရှိတာတွေ၊ အရှက်မရှိတာတွေ။
တွေးရင်တွေးသလောက်ကို မကောင်းတဲ့စကားတွေပဲ ကြားလာရမှာဖြစ်လို့ အတ္တတွေနဲ့ဆွဲထားမိတဲ့ ကိုယ်တိုင်ကိုပဲ အပြစ်တင်တော့မည်။

သူစကားလုံးတွေကို ဂရုစိုက်မှာမဟုတ်ဘူး။
လက်လွှတ်မပေးနိုင်လို့ မောင်သာသူ့အပိုင်ဖြစ်လာရင်လည်း မောင်ကလွဲရင် ဘာကိုမှဂရုမစိုက်ပါဘူး။

ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ။
ဘယ်သူဘာပြောပြော။

*မနေ့က အုတ်အုတ်ကြတ်ကြတ်ဖြစ်သွားခဲ့တဲ့ ဂျယ်ဂျူမှာတွေ့ခဲ့တဲ့ စန္တရားပညာရှင် Kim Namjoonရဲ့ Datingဟာ သတင်းအမှားသာဖြစ်ကြောင်း စန္တရားပညာရှင် Kim Namjoonနဲ့ သူ့အမျိုးသားဖြစ်သူကိုယ်တိုင်က ဒီနေ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုဖြေကြားသွားပါတယ်ရှင်*

TV screenပေါ်က မောင့်လက်တွေကိုချိတ်ထားတဲ့ အဲ့ဒီအမျိုးသား။
ဘာကချို့ယွင်းနေတာလဲဆိုတာ နားမလည်နိုင်အောင် အဲ့ဒီအမျိုးသားက အများကြီးပြည့်စုံလွန်းတယ်မဟုတ်ပါလား။
မျက်လုံးတွေမမြင်ရုံနဲ့သာ အားနည်းချက်ဆို ဘဝတစ်ခုလုံး အတွင်းကြေတွေနဲ့ စုတ်ပြတ်နေတဲ့ သူဆိုရင်ရော?

သိမ်ငယ်ပြီး နာကျင်လွန်းလို့ လူတွေအမြင်မှာ သူ့အမျိုးသားကိုသိပ်ချစ်ပါလားလို့ တွေးစေနိုင်လောက်စရာ အပြုံးတွေနဲ့မောင့်ကိုကြည့်ပြီး မျက်ရည်တွေမကုန်။
ငိုမိနေတာ ဒီရက်တွေထဲ အဆက်မပြတ်ပါပဲ။

*စန္တရားပညာရှင် Kim Namjoonဘေးက အမည်မသိ အမျိုးသားဟာလည်း သူသာဖြစ်ကြောင်း စန္တရားပညာရှင် Kim Namjoonရဲ့အမျိုးသားဖြစ်သူက ပြောကြားသွားပါတယ်ရှင်*

NON.PROTAGONIST✔︎Where stories live. Discover now