Zawgyi
သဘောကျခြင်းနဲ့ ချစ်ခြင်းကို ကွဲကွဲပြားပြား မသိခဲ့တဲ့ လူတစ်ယောက်ရယ်ပါ။ ဒါပေမဲ့ သူဟာ အလှအပတစ်ခုမှာ ကျရှုံးသွားခဲ့တယ်။
𝐍𝐎𝐍.𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓
"Daddyစီ သွားမလို့လား ကိုကို...."
ကားစက်သံနဲ့အတူ ကြားလိုက်ရတဲ့အသံကြောင့် နောက်ကလူကို လှည့်မကြည့်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
"Jeongmiလည်း လိုက်လို့ရမလား...."
"ကိုယ့်ဘာသာသွား...."
ဆောင့်ပိတ်သွားသော ကားတံခါးသံကြောင့် ခန္ဓာကိုယ်ငယ်လေးက တုန်သွားကာ အမြန်မောင်းထွက်သွားတဲ့ ကားကိုငေးကြည့်ပြီး မျက်ရည်ကျသည်။ ကိုကိုက သူ့ကိုဆို အမြဲလျစ်လျူရှုနေကျပါပဲ။ ဒါကို ဘာလို့များ အမှတ်မရှိ ကပ်တွယ်နေမိသလဲ မသိတော့။
"ငါ့သားကို တော်တော်ချစ်ပုံရတယ်နော် Choi Jeongmi...."
"Aunty....."
နှင်းဆီရနံ့ပျံ့လွင့်နေတဲ့ ခြံထဲ Cigarretteငွေ့တွေက နေရာဝင်ယူလာကြသည်။ နေရောင်ဖြာကျသော မျက်နှာပေါ်က မာန်မာနတွေက ပိုအရှိန်အဝါကြီးနေသယောင်ရှိပြီး စူးစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေဟာလည်း ကိုကို့အမေဆိုသည့်အတိုင်း ကိုကိုနှင့်တထေရာတည်း တူနေသောကြောင့် သူမ ကြောက်ရသည်။ အနီရင့်ရင့်တွေကိုသာ ဝတ်ဆင်လေ့ရှိတဲ့အမျိုးသမီး။ ကြောက်စရာကောင်းအောင် ရက်စက်မှုတချို့ကြောင့် သူမ ကြောက်ရသောသူ။
"Daddyစီ သွားချင်လို့ပါ...."
"ကိုယ့်ဘာသာသွားလို့ ပြောလိုက်တယ်မဟုတ်လား....ကိုယ့်ဘာသာသွားလေ....ငါ့သားနဲ့ပက်သက်စရာ ရှိမနေဘူး...."
ငုံ့ထားတဲ့မျက်နှာပေါ် စီးကျလာတဲ့မျက်ရည်စက်က ကြွေပြားဖြူပေါ် ကြွေကျသည်။ ခပ်ကျုံ့ကျုံခန္ဓာကိုယ်လေးကို Auntyကတော့ မဲ့ပြုံးပြုံး၍ ကြည့်ကာဖြင့်။
"အသိုင်းအဝိုင်းထဲ ခွေးတိုးပေါက်က ဝင်လာတဲ့ဟာတွေကို ငါ့သားနဲ့လာပက်သက်တာ မမြင်ချင်ဘူး!!"
အိမ်အကူတွေစီက ခပ်သဲ့သဲ့ရယ်သံကိုကြားရသည်။ ထွက်သွားတဲ့ ခြေဖမိုးလှလှတွေကိုကြည့်ကာဖြင့် သူမ သိမ်ငယ်စိတ်တွေက ပို၍ပို၍။ အဝါရောင် Hoodieအနားစလေးကို လက်နှင့်တင်းတင်းဆုပ်ကိုင်ကာ သူ့စိတ်သူလျော့နေရသည်။ ဒီအသိုင်းအဝိုင်းစီက မွန်းကြပ်မှုတွေကို လက်မခံဘူးလို့ ပြောခွင့်မရှိအောင် ကလေးဘဝကတည်းက ပိတ်လှောင်ခံခဲ့ရသူပါ။ အဖေဖြစ်သူရဲ့ အပျော်အပါးတွေကြောင့် ရလာတဲ့သူမမှာ လုံလောက်တဲ့မေတ္တာဆိုတာ မရရှိခဲ့။ အဖေအရင်း ကိုယ်တိုင်တောင်မှ မပေးခဲ့တာကြောင့်လည်းဖြစ်သည်လေ။ ခုနစ်နှစ်အရွယ်လေးမှာ သူ့အမေဆုံးသွားခဲ့တယ်။ ပြီးတော့ သူ့အဖေနဲ့ အိမ်တော်ကြီးစီ ရောက်လာခဲ့တယ်။ အရာအားလုံးဟာ ပုံမှန်ပါပဲ။ ခံစားချက်မဲ့ အိမ်တော်ကြီးမှာ ငေါက်စင်းစင်း ရှင်သန်လာခဲ့ရတယ်။ တကယ်ဆို လူဖြစ်ရတာတောင် ဝမ်းနည်းမိလို့ သေမတတ်။
YOU ARE READING
NON.PROTAGONIST✔︎