\4\

8.1K 1.3K 65
                                    

[Unicode]

ယုယီရဲ့၂၁နှစ်တာကာလကို သိရှိသွားစေဖို့၊ ကျန်းချူဟာ အချိန်နာရီဝက်လောက်ပဲသုံးလိုက်ရတယ်။

တစ်ကြိမ်တစ်ခါပဲ မျက်နှာချင်းဆိုင်ဖူးခဲ့ပေမဲ့၊ ကျန်းချူက ယုယီကိုစွဲစွဲမြဲမြဲအမှတ်ရနေပြီးပြီ။
ထိုလူရဲ့မျက်နှာနဲ့ ဆင်တူလို့တင်မကဘူး...အလွန်ဖြူစင်သန့်ရှင်းနေတဲ့ မျက်လုံးလေးများကြောင့်ရောပဲ။

အကြောက်တရားတွေ မရှိဘူး...ကပ်ဖားယပ်ဖားအကြည့်လည်း မဟုတ်ဘူး...အမုန်းတို့လည်း မပါပြန်ဘူး။

တောင်ကိုဖြတ်ပြီးစီးဆင်းနေတဲ့ ချောင်းငယ်လေးအလားပင်။ နွေဦးရာသီရောက်နေသလို ကြည်လင်လွန်းလှတယ်။

အညစ်အကြေးတွေ မရှိဘူး။

အဲ့လောက်ဖြူစင်တဲ့မျက်ဝန်းပိုင်ရှင်ဟာ များပြားလှစွာသောဒုက္ခတရားတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ဘယ်သူက ယုံကြည်နိုင်လိမ့်မလဲ?

ပါးလွှာသောစာရွက်တွေကို စားပွဲပေါ်ပြန်တင်ထားလိုက်ပြီး၊ မှန်အပြည့်ကာရံထားတဲ့ ပြတင်းပေါက်ကြီးနားလျှောက်လာခဲ့တယ်။

ကျန်းချူအိပ်ခန်းက ဒုတိယထပ်မှာ...ငုံ့ကြည့်လိုက်တာနဲ့၊ နှင်းဆီပန်းတွေကိုမြင်ရနိုင်တယ်။
နူးညံ့ပြီးကျိုးကြေလွယ်သောအရာတွေကို ကျန်းချူသဘောမကျပါဘူး...သို့ပေမဲ့၊ ဇွဲကြီးတဲ့အရာမှန်သမျှကိုတော့ သူနှစ်သက်တယ်။

မိုးဒဏ်လေဒဏ်ခံနိုင်ရည်ရှိတဲ့ ပန်းတွေ။

ယုယီဆိုသောမြက်ပင်လေးဟာလည်း မိုးဒဏ်လေဒဏ်ကိုခံနိုင်ရည်ရှိလောက်တယ်။
ကြေမွလုလုနီးနီး နင်းချေခံရထားပေမဲ့၊ ဆက်လက်ရှင်သန်ကြီးထွားနေဆဲမြက်ပင်လေး။

အရည်ပျော်စပြုနေပြီဖြစ်တဲ့ဆီးနှင်းခဲတို့ကို ငေးရင်း၊ ကျန်းချူဟာ အချိန်ကြာမြင့်စွာမတ်တပ်ရပ်နေမိခဲ့ပါတယ်။

...

ယုယီက ကိတ်မုန့်တစ်လုံးနဲ့ဂျယ်လီနှစ်ခုစားပြီးသွားပြီ။ သူ့ဗိုက်လေးသူပြန်ပွတ်သပ်နေကာ၊ စိတ်ကျေနပ်မှုတို့အပြည့်အဝဖြင့်။

အန်တီကျိုးတစ်ယောက် အလုပ်ရှုပ်နေချိန်မှာ၊ ယုယီဟာ တိတ်တိတ်လေးအိမ်ပြင်ခိုးထွက်လာခဲ့တယ်။
လေတွေတိုက်ကာ အေးချမ်းတဲ့ရာသီဥတုဖြစ်သော်လည်း၊ ခိုက်ခိုက်တုန်နေတဲ့ယုယီဟာ လက်လျော့ဖို့စိတ်ကူးမရှိပေ။
နှင်းထုတွေအကြား တရွေ့ရွေ့လျောက်လာပြီး၊ ဖန်လုံအိမ်ကြီးရှေ့ရောက်လာခဲ့တယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now