[Unicode]
ရေခဲမုန့်စားပြီးနောက် ဗိုက်အောင့်သွားတဲ့ယုယီကြောင့်၊ ကျန်းချူဟာ ယုယီရဲ့ရေခဲမုန့်စားခွင့်ကို တစ်ပတ်တိတိပိတ်ပင်လိုက်ပါတယ်။
ယုယီ ဘယ်လောက်ပဲချွဲပြနေပါစေ...ကျန်းချူဟာ တုတ်တုတ်မှမလှုပ်ပေ။
ကြာသပတေးနေ့ အဘိုးကျန်းဆီ သွားလည်ရချိန်မှာ၊ ယုယီက အကြီးအကျယ်ကွန်ပလိန်းတက်ပြတယ်။
အဘိုးကျန်းကလည်း သူငယ်ချင်းလေးရဲ့ဘဝကို သနားသွားပါတယ်။"မင်းက ရေခဲမုန့်ပဲမစားရတာ! ငါ့ကိုဆို ဆေးခါးကြီးတွေ တစ်ချိန်လုံးသောက်ခိုင်းနေတယ်၊ မင်းက ငါ့ထက်အများကြီးသာတယ်!"
ယုယီက အဘိုးကျန်းစကားကိုသေချာစဉ်းစားကြည့်တယ်။ အဲ့လိုဆိုတော့လည်း သူ့အဖြစ်ကသိပ်မဆိုးသေးဘူးလို့ ကောက်ချက်ချမိလေရဲ့။
သင်တန်းကနေ အရုပ်ခေါက်စက္ကူတွေအများကြီး ယူလာခဲ့တာ။ နှင်းဆီပန်းနဲ့ ကြိုးကြာခေါက်နည်းတွေကို အဘိုးကျန်းအားသင်ပေးနေတယ်။
အဘိုးအိုနဲ့လူငယ်လေးဟာ စက္ကူခေါက်ခြင်းဖြင့် ပျော်မွေ့လျက်ရှိတယ်...စကားစမြည်ပြောဆိုရင်း။
နေ့ခင်းရောက်ချိန်ဆို၊ အဘိုးကျန်းရော ယုယီပါ တစ်ရေးတစ်မောအိပ်စက်ရတယ်။
ယုယီက အဘိုးကျန်းရဲ့ဘေးအခန်းမှာ အိပ်လေ့ရှိတယ်။အခုဆို၊ အဘိုးကျန်းနဲ့ယုယီဟာ သူငယ်ချင်းအရင်းကြီးတွေဖြစ်နေခဲ့ပါပြီ။
ဦးနှောက်နှုန်းထားတွေ မတူညီပေမဲ့၊ ပေါင်းသင်းဆက်ဆံမှုဟာဖြင့် အဆင်ပြေချောမွေ့တယ်။
ဟိုဘက်အခန်းဆီ မကူးပြောင်းခင်ကို၊ ယုယီဟာ ၁၀မိနစ်နီးပါးလောက် အဘိုးကျန်းကိုနှုတ်ဆက်စကားဆိုတတ်တယ်။ယုယီက သမ်းဝေမိတယ်...မျက်ခွံတွေလည်း လေးကျလာခဲ့ပြီ။ ခေါင်းလေးကို စောင်ပုံကြီးထဲတိုးထားရင်း၊ ပါးစပ်မှလည်း တတွတ်တွတ်ဆိုနေတယ်။
မကြာပါဘူး...အိပ်ချင်စိတ်က အနိုင်ယူသွားပြီ...အခန်းငယ်ဟာ တိတ်ဆိတ်ငြိမ်သက်လို့သွားတယ်။နွေကာလရဲ့နေ့လည်ခင်း...ပုစဉ်းရင်ကွဲအော်သံများ ကြားနိုင်တယ်၊ အခန်းတွင်းမှာတော့ ဆိတ်ငြိမ်တယ်။
YOU ARE READING
အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]
Short StoryTitle-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!