[Unicode]
ယနေ့တွင်လည်း၊ ယုယီဟာ ရွှံ့စေးသင်တန်းဆီ ရောက်ရှိနေပါတယ်။
လက်မှုပညာရပ်မှာ ပါရမီမပါသော်လည်း၊ ယုယီက စိတ်ဝင်တစားရှိလှတယ်။
နေ့တဝက်လောက်နီးပါး ရွှံ့စေးတွေနဲ့ဆော့ကစားလေ့ရှိတယ်။
ယုယီက ရုပ်ချောပြီး အနေအေးတာကြောင့်၊ သင်တန်းကျောင်းရှိဆရာဆရာမတွေဟာ ယုယီကိုဝိုင်းချစ်ကျပါတယ်။ယုယီရဲ့စားပွဲပေါ်မှာ အရောင်စုံရွှံ့စေးများရှိနေတယ်၊ ဆရာမက ခွေးရုပ်လေးလုပ်နည်းကို သင်ပေးခဲ့တာ။ ယုယီဟာလည်း ကြိုးစားကာပြုလုပ်ကြည့်တယ်...ရလာဒ်က ဆရာမလုပ်ပြတာနဲ့ မတူညီသော်ငြားလည်း။
ခွေးရုပ်လေးကို ယုယီကမျက်မှောင်ကြုတ်လျက် စူးစိုက်ကြည့်ရှုနေတယ်။
အခန်းထဲဝင်ရောက်လာခဲ့သော လူတစ်ယောက်။
ယုယီက ချက်ချင်းလှမ်းကြည့်လိုက်တယ်...မျက်လုံးလေးများဝိုင်းစက်သွားကာ အံ့ဩတကြီးအော်ပြောတယ်
"ခင်ဗျားက ကျွန်တော်လား!?"မှန်ထဲမှာမြင်ဖူးခဲ့တဲ့ သူ့ပုံစံအတိုင်းပဲ!
ချန်ရှူကျိဟာလည်း ယုယီကိုအသေအချာကြည့်နေတယ်။ ကျန်းဝေရဲ့ပြောစကားအရ၊ ကျန်းချူက သူနဲ့ရုပ်ဆင်တဲ့ကောင်လေးကို ဘေးခေါ်ထားကြောင်းသိထားတယ်...ဒါပေမဲ့၊ ထူးခြားတဲ့လူဖြစ်နေမယ်လို့တော့ မထင်မှတ်ထားခဲ့ဘူး။
ယုယီရဲ့တအံ့တဩစကားသံအောက်မှာ၊ ချန်ရှူကျိက မျက်ခုံးများတွန့်ချိုးသွားခဲ့တယ်။
မကြာပါဘူး...သူ့မျက်နှာထက် အပြုံးများကိုဖန်ဆင်းလိုက်ပြီး
"ငါက ချန်ရှူကျိပါ"တုန်လှုပ်မှုကြီးထဲမှ ယုယီရုန်းမထွက်နိုင်သေးပေ။
ချန်ရှူကျိမျက်နှာကို သိချင်စိတ်အပြည့်ဖြင့်စိုက်ကြည့်နေရင်း၊ လက်ချောင်းတွေကို ရွေ့လျားမိတယ်။သို့ပေမဲ့၊ ယုယီ လက်မဆန့်ထုတ်ဖြစ်ပါဘူး။
သူများရဲ့မျက်နှာကို ခွင့်ပြုချက်မရှိဘဲထိကိုင်တာက...မယဉ်ကျေးတဲ့အပြုအမူကြီးပဲ!ယုယီက လိမ္မာတယ်၊ မယဉ်ကျေးတာတွေ မလုပ်ဘူး!
မျက်လုံးဝိုင်းလေးများကို ရွေ့လျားလိုက်ရင်း၊ သူနဲ့ရုပ်တူသူကို မေးခွန်းမေးမြန်းတယ်။
"...အသစ်ရောက်တဲ့ ဆရာလား?"
YOU ARE READING
အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]
Short StoryTitle-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!