\17\

7.5K 1.2K 54
                                    

[Unicode]

ခြွင်းချက်အဖြစ် သတ်မှတ်လိုက်ပြီး၊ ကျန်းချူဟာ ယုယီကို ဒုတိယထပ်ဆီသို့ခေါ်သွားလိုက်တယ်။

နူးအိသော သားရေဆိုဖာကြီးပေါ်ထိုင်လျက်၊ ယုယီက ကျန်းချူကိုခိုးကြည့်နေရတယ်။
ဂိုဒေါင်ထဲမှာပေလာတဲ့ ရွှံ့တွေကျန်နေတုန်းပဲ။
ကျန်းချူက တစ်ရှူးအစိုတစ်ခုထုတ်ယူလိုက်ပြီး၊ ယုယီလက်တွေကို သေချာသန့်ရှင်းပေးတယ်။

ခေါင်းလေးငုံ့ထားကာ...ယုယီအသံက မရဲတရဲဖြင့်
"ကျန်းချူ စိတ်ဆိုးနေသေးလား?"

ကျန်းချူက ပြန်မဖြေဘူး။
တစ်ရှူးအစိုကို အမှိုက်ပုံးထဲပစ်ထည့်တယ်၊ ယုယီအနားသို့ ပြန်လျှောက်လာခဲ့ပြီး...မေးကိုမော့စေရင်း မျက်လုံးနှစ်စုံကိုတွေ့ဆုံစေလိုက်တယ်။
ထို့နောက်မှာတော့၊ တစ်လုံးချင်းစီ ဖြေးညင်းစွာပြောလာတယ်
"အင်း ငါစိတ်ဆိုးနေတုန်းပဲ"

ထိုစကားအကြားမှာ၊ ယုယီဟာ စိုးရိမ်တကြီးဖြစ်သွားရှာတယ်။ သူ့ရဲ့မျက်လုံးဝိုင်းလေးတွေဟာလည်း မျက်တောင်တဖျတ်ဖျတ်ခတ်လို့။

ယုယီမျက်နှာကိုပါ တစ်ရှူးအစိုဖြင့် သန့်ရှင်းပေးနေရင်း၊ ကျန်းချူက သက်ပြင်းချမိတယ်
"မင်းက အန်တီကျိုးနဲ့ဆရာမရွှီကို တစ်မနက်လုံးစိတ်ပူအောင်လုပ်ခဲ့တာလေ"

ယုယီအသံက ခပ်တိုးတိုးဖြင့်။
"ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး"

အတန်းမတက်ချင်လို့ ပုန်းမိခဲ့တာ...အိပ်ပျော်သွားမယ်မှန်း ဘယ်လိုလုပ်ကြိုသိနိုင်မှာလဲ!

စိတ်ပျက်လက်ပျက်မျက်နှာလေးကို ငေးကာ၊ ကျန်းချူက ယုယီလည်ပင်းမှဖုန်းကို ဆွဲယူလိုက်တယ်။
ဖုန်းက စက်ပိတ်ထားခဲ့တာပဲ...ယုယီ မတော်တဆပိတ်မိသွားခဲ့တာလား? အဲ့ဒါကြောင့်ပဲ၊ ကျန်းချူဖုန်းခေါ်တာကို ယုယီပြန်မဖြေခဲ့တာ။

ယုယီပို့ထားခဲ့တဲ့ အသံမတ်ဆေ့နှစ်ခုကို ပြန်ကြားယောင်မိတယ်။
ယုယီမျက်နှာကို လွှတ်ပေးလိုက်ပြီး၊ ကျန်းချူက ယုယီနားလည်နိုင်မဲ့စကားလုံးတွေကို ရွေးချယ်ကာ
"ယုယီ၊ ငါက မင်းကို အတင်းတောင်းပန်ခိုင်းနေတာမဟုတ်ဘူး။ ဒါပေမဲ့၊ မင်းကြောင့် လူတွေအများကြီးစိတ်ပူခဲ့ရတယ်။ အန်တီကျိုးက မင်းကိုအရမ်းချစ်တာ၊ မင်းကိုရှာမတွေ့တော့ သူမအရမ်းဝမ်းနည်းခဲ့ရတယ်"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now